47

2.7K 513 18
                                    

၄၇။ သေပြီဆိုလည်း အရေးမကြီးပါဘူး

စခန်းတွင် လုထန်ယုသည် ယန်ချောင်၏မိန်းမဖြစ်ကြောင်း လူတိုင်းသိကြသည်။ ထို့ကြောင့် သူမကမှ သူမအား အာမခံရဲကြပေ။ သူမကိုမြင်သည်နှင့် သူမအနားမကပ်ချင်က လူတိုင်းက ရှောင်ကြသည်။ လုထန်ယုသည် စခန်းကနေထွက်လာသော်လည်း ယန်ချောင်းကတော့ သူမကို ကာကွယ်ပေးဖို့ သဘာဝလွန်စွမ်းအားရှင်သုံးယောက်ထည့်ပေးလိုက်သေးသည်။ သူမကို သူကလွယ်လွယ်သေစေမှာ မဟုတ်ပေ။

ကောင်းချင်းမင်က နှာခေါင်းရှုံ့ကာ ပြောသည်။
"ဘာဖြစ်လဲတော့ ငါမသိဘူး။ ငါသိတာက မသေခင်မှာ ဝူချန်းယွဲ့ရဲ့ မင်းသမီးလေးကို ပြန်ပေးဆွဲသွားတယ်။ ကလေးမလေးက အခုအထိ ပျောက်နေတုန်းပဲ။ ဒီမိန်းမက ငါ့အထင်တော့. . .တစ်ခုခုလုပ်လိုက်သလားပဲ"

လုထန်ရီသည် ကောင်းချင်းမင်အား ခေါင်းမော့ကြည့်ကာ တည်ငြိမ်စွာဖြင့်
"ဘာကိုပြောချင်တာလဲ?"

ဒီမိန်းမသည် ဆင်ခြင်နိုင်စွမ်းမရှိကာ လုပ်ချင်ရာလုပ်တက်သည်ကို သူသိသော်လည်း ဝူချန်းယွဲ့၏ သမီးလေးကိုတော့ တစ်ခုခုမလုပ်ရဲလောက်ပေ။

ကောင်းချင်းမင်က ပြောသည်။
"ငါအခုလေးတင် နောက်တစ်ခုတွေ့လာတယ်။ မသေခင်ဝူချန်းယွဲ့သမီးကို ပြန်ပေးဆွဲပြီးတော့ ကလေးနဲ့ သွားခြိမ်းခြောက်တယ်။ သူ့ကိုလိုက်နေတယ်ဆိုတာ လူတိုင်းသိပြီးသားပဲ။ ဒီတစ်ခါတော့ သူ့ကိုရသွားပင်မယ့် လင်းယုံးနဲ့ တခြားနှစ်ယောက်က ဇွန်ဘီစာကျွေးလိုက်တယ်။ ဒါပင်မယ့် မသေခင် မင်းသမီးလေးကို ခေါ်မလာတော့ လင်းယုံးတို့လည်း ရှာမတွေ့ဘူး။ ငါသိသလောက်ဆိုရင် ယန်ချောင်က လင်းယုံးတို့ကို တစ်ခုခုခိုင်းထားပုံရတယ်။ အဖြစ်မှန်ကိုတော့ မင်းရှာချင်လား မရှာချင်ဘူးလား?"

သူသည် လုထန်ရီ၏ မပြောင်းလဲသည့် မျက်နှာကို ကြည့်မေးလိုက်သည်။ ကောင်းချင်းမင်ဆိုလိုသည်က လုထန်ရီသာ အဖြစ်မှန်ကို သိချင်လျှင် သူကူရှာပေးနိုင်သည်။

လုထန်ရီက သူ့အားလက်ပြကာ ခေါင်းခါပြီးနောက်
"ထားလိုက်တော့။ သေပြီဆိုလည်း အရေးမကြီးပါဘူး။ ငါ့ကိစ္စမှ မဟုတ်တာ။ ငါတို့ကြားမှာ ဘာမှလုပ်စရာမရှိဘူး"

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now