29

2.5K 468 1
                                    

၂၉။ အိပ်မက်ထဲတွင် သွားလာခြင်း

သူမသည် ဒီနေရာတွင် ထိုင်ရင်းအိပ်ပျော်သွားကာ အိပ်မက်တစ်ခုမက်လေသည်။ သူမ၏အိပ်မက်ထဲတွင် သူမသည် နယ်မြေအပြင်ကို ထွက်လာသော်လည်း ဘယ်သူကမှ သူမကိုမမြင်နိုင်ကာ သူမသည် ကိုယ်ပျောက်နေသည်။ ထိုအခါ သူမသည် အမြန်ပြေးလေသည်။ သူမ၏ လှုပ်ရှားမှုသည် ချောမွေ့နေကာ သူမ၏ခြေထောက်များက ပျော့ပျောင်းနေသည်။ သူမသည် စတော်ဘယ်ရီအခင်းရှိရာသို့ ပြေးသည်။ သူမဘယ်လောက်ကြာအောင် ပြေးလိုက်ရသလဲ သူမ မမှတ်မိတော့ပေ။

သူမနိုးလာသည့်အခါ မျက်လုံးဖွင့်ဖွင့်ချင်း ဘေးပတ်ဝန်းကျင်သို့ ကြည့်လိုက်သော် သူမသည် နယ်မြေထဲတွင်သာ ရှိသေးသည်။ သူမသည် အပြင်ထွက်ချင်လွန်း၍ အိပ်မက်တောင် မက်လိုက်ခြင်း ဖြစ်လိမ့်မည်။ သို့သော်လည်း ဒါကထူးဆန်းနေသလို သူမခံစားရသည်။

'ဇွန်ဘီတွေက အိပ်မက်မက်လို့လား?'

သူမသည် တင်ပလ္လင်ခွေထိုင်တုန်းဖြစ်သည်။ ဒီလိုတရားထိုင်သည့် အနေအထားမျိုးဖြင့် သူမအိပ်ပျော်သွားသည်က အရမ်းထူးဆန်းလွန်းသည်။ သူမသည် ဘေးတွင်လာထိုင်နေသည့် ဝူယွဲ့လင်းကို ကြည့်လိုက်သည့်အခါ ရေဆာလာသည်။

ကလေးမလေးသည် ဘာမှန်းမသိရသည့်ကောက်ရိုးခြောက်လိုမျိုးများကို စုပုံထားကာ ထိုအပေါ်တွင် ထိုင်နေသည်။ သူမသည် လင်းချင်းပေးထားသည့် မြက်ရုပ်ကလေးများဖြင့် ထိုင်ဆော့နေခြင်း ဖြစ်သည်။

လင်းချင်းသည် ခြေထောက်ကိုလှုပ်လိုက်သည့်အခါ အတော်ကျဉ်နေသည်။ ဘာမှန်းမသိသည့် အကြောင်းကြောင့်လည်း နာကျင်နေသလို ဖြစ်နေသေးသည်။ သူမသည် မနည်းထရပ်လိုက်ကာ ရေကန်ဘက်သို့ ဖြည်းဖြည်းချင်း လျှောက်သွားသည်။ ဒီနေရာတွင် သူမရေချိုးထားသည်ကို သတိရသည့်အခါ ရေကန်တစ်ဖက်သို့ သွားလိုက်သည်။

သူမသည် နောက်ကိုလှည့်ကြည့်လိုက်သည့်အခါ ဝူယွဲ့လင်းက သူမ၏အနောက်မှ လိုက်လာနေသည်။ ထိုကလေးမလေးက သူမအား အနည်းငယ်အားကိုးနေပြီဖြစ်ကြောင်း သူမခံစားမိသည်။ သူမသည် ဖြည်းဖြည်းချင်းသာ လျှောက်သည်. သူမ၏ခြေထောက်တွေက လေးလံကာ ကိုက်ခဲနေသောကြောင့် သူမသည် တစ်လှမ်းချင်းကို မနည်းလျှောက်နေရသည်။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Tempat cerita menjadi hidup. Temukan sekarang