195

1.9K 322 7
                                    

၁၉၅။ စွမ်းအားနှစ်ခုရှိသူ

လင်းချင်းသည် လုထန်ရိနှင် ကောင်းချင်းမင်းတို့ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။ သူမသည် သူတို့၏ ကျေးဇူးတင်ခြင်းများနှင့် စိတ်ရှုပ်နေခြင်းတို့ကို ခံစားနိုင်သည်။ ခနတွေးပြီးနောက် သူမသည် ခေါင်းကိုမော့လိုက်ကာ မျက်နှာကို သေချာမြင်ရအောင် ပြလိုက်သည်။ သူမမျက်နှာပြလိုက်သည်နှင့် လုထန်ရိနှင့် ကောင်းချင်းမင်တို့ မျက်နှာများသည် ပြောင်းလဲသွားသည်။ အခြားသူများကတော့ ဘာမှမထူးခြားပေ။

လုထန်ရိ၏အပြုံးသည် တောင့်ခဲ့ကာ ပျောက်ကွယ်သွားသည်။ သူ့မျက်လုံးများသည် ပြူးကျယ်နေကာ သူငယ်အိမ်သည် ကျဉ်းမြောင်းသွားသည်။ သူသည် လင်းချင်းကို လက်ညိုးထိုးကာ ဘာအသံမှ မထွက်နိုင်ပေ။ ထိုအခါ အခြားသူများသည် အံ့သြကုန်ကြသည်။

"ဆရာ ဘာဖြစ်လို့လဲ? ဒီမိန်းမလှလေးကို သိလို့လား?"

ဟွမ်ရှို့သည် လင်းချင်း၏ မျက်နှဦကိုကြည့်ကာ သူမ၏မျက်နှာကျပုံနှင့် နှုတ်ခမ်းလှလှလေးကြောင့် မိန်းမလှလေးဖြစ်ကြောင်း သိလိုက်သည်။ သူမ၏မျက်လုံးများကိုတော့ တကယ်မြင်ချင်နေသည်။

ထိုအချိန်တွင် ကောင်းချင်းမင်းသည် လုထန်ရိ၏ လက်ညိုးထိုးနေသည့်လက်ကို အတင်းဆွဲချကာ သူ့နားအနားကိုကပ်၍ အသံတိုးတိုးဖြင့်
"စိတ်အေးအေးထား ရုပ်ချင်းဆင်တာ ဖြစ်မှာပါ"

ကောင်းချင်းမင်း၏လုပ်ပုံကြောင့် အခြားသူများသည် ပိုရှုပ်ကုန်သည်။ လုထန်ရိသည် စိတ်အေးအောင်မနည်းထားကာ ခေါင်းငြိမ့်သည်။ ကောင်းချင်းမင်းသည် သူ့လက်ကိုလွှတ်လိုက်ကာ လုထန်ရိအား

"သူ့မှာ ဘာအစွမ်းမှ မရှိတာကို မင်းမမေ့နဲ့"

"ငါသိတယ်"

လုထန်ရိသည် ခေါင်းငြိမ့်ကာ မျက်လုံးကို ပိတ်လိုက်သည်။ မျက်လုံးပြန်ဖွင့်လိုက်သည့်အခါ စိတ်ငြိမ်သွားပြီ။ သို့သော်လည်း ကောင်းချင်းမင်းပြောတာက အမှန်လို့ သူယုံချင်သည်။ သို့သော်လည်း ဒီမျက်နှာကို မိတ်ကပ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ သူရင်းနှီးနေသဖြင့် မြင်ရုံဖြင့် မှတ်မိနိုင်သည်။ ဦးထုပ်နှင့် နေကာမျက်မှန်က ဖုံးမထားနိုင်ပေ။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now