126

2K 366 16
                                    

၁၂၆။ သတင်း

ဒီအဆင့်မြင့်လူများသည် အဆောက်အဦးလေးတွင် နေရသည့် အကြောင်းအရင်းကတော့ ကလေးမလေးသည် မြင့်မားကာ ကြီးမားသည့် အဆောက်အဦးများကို မကြိုက်သောကြောင့်ပင်။ ဒီနေရာကို သူ့သမီးကကြိုက်သောကြောင့် ဝူချန်းယွဲ့က ပြောင်းလာရာ ကျန်သည့်နှစ်ယောက်ကလည်း သူ့နောက်သို့ လိုက်လာသည်။

အဆောက်အဦးသည် သေးသောကြောင့် ပထမထပ်တွင် ဧည့်ခန်းနှင့် မီးဖိုခန်းရှိသည်။ ဒုတိယထပ်တွင် စာကြည့်ခန်းနှင့် အိပ်ခန်းနှစ်ခုရှိပြီး တတိယထပ်တွင်တော့ အိပ်ခန်းနှစ်ခုနှင့် ဝရံတာတို့ပါသည်။

ဝူချန်းယွဲ့နှင့် ကလေးမလေးတို့သည် ဒုတိယထပ်ကို အပိုင်ယူထားသည်။ သူက သူ့သမီးနှင့် တခန်းတည်း အတူနေချင်လွန်းသော်လည်း ကလေးမလေးကတော့ ဒါကိုမကြိုက်ပေ။ ထို့ကြောင့် အဖေဖြစ်သူသည် သူ့သမီး၏ ဘေးခန်းတွင်နေလိုက်ရသည်။ သို့သော်လည်း တစ်ညကို ငါးခါခြောက်ခါလောက် သူ့သမီးကို သွားကြည့်နေဆဲပင်။

မုန့်ယွဲ့နှင့် ရှောင်ယွင့်လုံတို့သည် တတိယထပ်တွင် နေကြသည်။ သူတို့ကလွဲ၍ ဒီအဆောက်အဦးတွင် လုံခြုံရေးလည်းမရှိသလို အစေခံများလည်း မရှိပေ။ ဒါသည်လည်း ကလေးမလေးက လူစိမ်းများကို မကြုက်သောကြောင့် ဖြစ်သည်။ သူမသည် ဝူချန်းယွဲ့၏ အတွင်းရေးမှူးလို ဖြစ်နေသည့် ရှောင်လင်းချန်းကိုတောင် အနားသို့ အကပ်မခံပေ။

ဧည့်ခန်းသို့ရောက်သည့်အခါ ဝူချန်းယွဲ့သည် ကလေးမလေးကို ဆိုဖာပေါ်တွင်ချပေးကာ ကစားစေသည်။ သူ့နောက်က ရှောင်ယွင့်လုံကတော့
"သတင်းကို စစ်နေတုန်းပဲ။ ဒါပင်မယ့် အတွေ့အကြုံအရတော့ အမှန်ဖြစ်လောက်တယ်။ ဒါပင်မယ့်လည်း ငရဲမီးက တကယ်သေမသေကိုတော့ ဘယ်သူက သိမှာလဲ။ လူတွေက အကုန်ခန့်မှန်းနေရုံပဲရှိတာ"

ဝူချန်းယွဲ့သည် ဆိုဖာပေါ်တွင်ထိုင်ကာ ရေတစ်ခွက်ထည့်လိုက်ပြီးနောက် ပြောသည်။
"ဒီလူတွေက ဒီသတင်းကို မရလောက်သေးဘူး။ သူတို့ကို ဟေးဒီးစခန်းမှာ ဘာဖြစ်လဲဆိုတာကို အရင်ပြောပြဖို့ လူလွှတ်လိုက်။ ငါတို့လည်း မသေချာသေးတော့ သူတို့ခေါင်းဆောင်အကြောင်းကို မပြောနဲ့ဦး။ သေချာစစ်ဖို့လိုသေးတယ်။ နောက်မှာ သူတို့ဘာလုပ်မလဲ စောင့်ကြည့်တာပေါ့"

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now