Ep.6

294 35 4
                                    

"Love surrounded by hatred"

Ep-6

Joung- အခုမေးခွန်းကိုအကြိမ်ကြိမ်မေးနေပေမဲ့လည်းကျွန်တော့်အဖြေကတစ်ခုထဲပါပဲ။ အခုကိစ္စကိုကျွန်တော်လုံး၀မသိဘူး။ ပြီးတော့အဲ့ဒီဘဏ်အကောင့်ကလဲကျွန်တော့်ဟာမဟုတ်ဘူး။ ဘယ်လိုဖြစ်ပြီးကျွန်တော့်အကောင့်နဲ့ဆက်စပ်နေလည်းလုံး၀မသိဘူး

Chae-ကျွန်တော်နဂိုထဲကလူတွေကိုသိပ်ပြီးမယုံတတ်ဘူး။ Hyun အခုပြောနေတာကအမှန်တွေပါဆိုတာကိုသက်သေလည်းမပြနိုင်ဘဲနဲ့ ကျွန်တော်ကဘယ်လိုယုံပေးရမှာလဲ။

Chae စကားကြောင့်Joungyeonခေါင်းငုံ့သွားပြီး

Joung-ကျွန်တော့်ကိုယုံပေးဖို့ပြောနေတာမဟုတ်ပါဘူး။ အမှန်တရားကိုယုံကြည်စေချင်တာပါ။

Joungyeonရဲ့လေသံကတည်ငြိမ်နေသလို မျက်၀န်းတွေကလည်း လေးနက်မှုအပြည့်

Joung- စိတ်မကောင်းဖြစ်မိတာတစ်ခုက ကျွန်တော့်ကြောင့် ကျွန်တော့်မိန်းမနဲ့ညီမ စိတ်ထိခိုက်ရတယ်😔

Joungyeonရဲ့စကားကြောင့်Chaeရဲ့မျက်၀န်းထဲမှာ မျက်ရည်တွေအပြည့်နဲ့Mina ရဲ့မျက်နှာလေးကိုမြင်ယောင်မိသွားသည်။

Chae- Hyun စိတ်ချပါ။ တစ်ကယ်လို့ Hyun ရဲ့ဘက်ကသာမှန်ကန်ခဲ့မယ်ဆိုရင်ကျွန်တော် Hyun ကိုကူညီပေးနိုင်ပါတယ်။

Joung-သူဌေးဆိုလိုတာက...

မျှော်လင့်ချက်တွေနဲ့ Joungyeon ရဲ့မျက်၀န်းတွေကိုကြည့်ပြီး Chae လျှို့ဝှက်စွာပြုံးလိုက်သည်။

.........

Mo- Joungyeon Hyunရဲ့ကိစ္စကိုကြားရတာကိုယ်လည်းစိတ်မကောင်းပါဘူး။ Miနဲ့Nayeon Noonaလည်းဘယ်လောက်ခံစားနေရမလဲဆိုတာ နားလည်ပါတယ်။

Na-  Joungyeonကသူ့ဆီကိုလာမတွေ့ခိုင်းဘူး။ဒီနေ့နဲ့ဆို၃ရက်ရှိနေပြီ။သူ့ရဲ့အခြေအနေဘယ်လိုရှိလဲဆိုတာလုံး၀မသိရသေးဘူး😢😢

Nayeonကပြောနေရင်းမျက်ရည်ကျလာတော့Minaကနှစ်သိမ့်ပေးနေရင်း

Mi- မကြာခင်မှာ။ အမှုကရုံးတင်ပြီးစစ်ဆေးရတော့မှာဆိုတော့Mi တို့ဘက်ကOppaအတွက်ရှေ့နေဌားဖို့ပြင်ဆင်ရတော့မယ်။

Love Surrounded by hatredDonde viven las historias. Descúbrelo ahora