Ep.3

428 40 4
                                    

Love surrounded by hatrad
Ep.3

"၁၄နှစ်ကြာမှKorea ကိုပြန်လာတဲ့လူကဘယ်လောက်များအရေးကြီးတဲ့နေရာကိုသွားတာမို့လို့စံအိမ်ကိုအရင်ပြန်မလာနိုင်ရတာလဲ"

ပြောလိုက်တဲ့လေသံရောအမူအရာကပါအလိုမကျမှုတွေအပြည့်
ဆိုဖာပေါ်ခြေတစ်ဖက်ချိတ်ထိုင်နေပြီးခန္ဓာကိုယ်ကိုခပ်လျောလျောမှီထားတဲ့Ms.Jeon Eunmi ရဲ့ပုံစံတစ်ကယ်ကိုစိတ်မရှည်ပုံပါ

"ဒါ Son စံအိမ်ကလူတွေကသူ့အတွက်ဘာမှအရေးမကြီးဘူးဆိုတဲ့သဘောပေါ့။ ဟုတ်တယ်မလားကို"

တစ်ယောက်ထဲဒေါသထွက်နေရတာကိုအားမရနိုင်ဘဲခင်ပွန်းဖြစ်သူကိုပါစစ်ကူ တောင်းလိုက်ပေမဲ့သတင်းစာအဖတ်ပင်မပျက်တဲ့Mr. Son Tae Woo ကတော့

"အဲ့လိုမဟုတ်ပါဘူးEunmiရယ် Chaeyoung ဘယ်ကိုသွားလဲဆိုတာအသိသာကြီးပဲမဟုတ်လား"

"ဟိုမိဘမဲ့ဂေဟာကိုပဲသွားတာနေမှာပေါ့။ကို့ရဲ့တူက ဒီလောက်သံယောဇဉ်ထားတတ်တဲ့လူမှန်း Eun အခုမှပဲသိတော့တယ်။ ကလေးဘ၀တုန်းက၃လလောက်နေခဲ့ဖူးတဲ့မိဘမဲ့ဂေဟာက မိသားစုထက်တောင်အရေးကြီးသလား"

"Jeon Eunmi"

ဟန့်တားသလိုခေါ်လိုက်ရင်းလက်ထဲကသတင်းစာကိုအရှေ့ကစားပွဲပေါ်ပစ်တင် လိုက်သည်။

"ဘယ်လိုပြောလိုက်တာလဲ။ Appaကြားသွားရင်ဘယ်လိုလုပ်မလဲ။ဒီစံအိမ်မှာဘယ်သူမှအဲ့ဒီအကြောင်းကိုပြောခွင့်မရှိဘူးဆိုတာမေ့နေပြီလား"

Mr. Tae ပြောလိုက်တဲ့စကားကြောင့်Ms. Eunmiကမဲ့ပြုံးပြုံးလိုက်ပြီး

"မမေ့ပါဘူး။ သိပါတယ်။ဒီစံအိမ်ကြီးမှာ Son Chaeyoung ကလွဲရင်ကျန်တဲ့လူတွေကအရေးမပါဘူးဆိုတာ။ အဲ့တာကြောင့်လည်းသားတစ်ယောက်လုံးရှိနေတာတောင် ကို့အဖေကမြေးဖြစ်တဲ့ Son Chaeyoung ကိုလုပ်ငန်းတစ်ခုလုံးလွှဲ ပေးထားတာလေ"

"အဲ့အကြောင်းကပါလာပြန်ပြီလား"

မျက်နှာပျက်သွားတဲ့ ခင်ပွန်းဖြစ်သူကို Ms.  Eunmi အားမလိုအားမရကြည့်မိရင်း

"ဒီအကြောင်းပြောလိုက်တာနဲ့မျက်နှာကပျက်ပြီ။တစ်ကယ်ရောမဟုတ်လို့လား"

" Son group လုပ်ငန်းစုကြီးကိုအခုလိုမျိုးအောင်မြင်လာအောင်Appaနဲ့အတူဆိုးတူကောင်းဖက်ကြိုးစားခဲ့တာကိုယ်မဟုတ်ဘူး။ မင်းပြောနေတဲ့ Son Chaeyoung ရဲ့အဖေ ငါ့ရဲ့အကိုပဲ"

Love Surrounded by hatredWhere stories live. Discover now