Love surrounded by hatred
Ep-18
မနက်ခင်း...Minaအိပ်ယာကနေနိုးလာတော့Chaeအိပ်နေတဲ့ ဆိုဖာကိုလှမ်းကြည့်လိုက်မိသည်။ဒါပေမဲ့Chaeကတော့ရှိမနေခဲ့
Mi-သူအစောကြီးနိုးနေတာလား... ဘာလို့အစောကြီး.. ဟင်..
ဆုံးအောင်မတွေးလိုက်ရသေးခင် နာရီကြည့်မိလိုက်တော့..
Mi-၉.. ၉နာရီတောင်ထိုးနေပြီ။ သေစမ်း ငါဘာလို့ဒီလောက်တောင်အိပ်ပျော်သွားတာလဲ။ငါ့ကို အအိပ်မက်တဲ့မိန်းကလေးလို့ထင်တော့မှာပဲ
စိတ်ပျက်လက်ပျက်ညည်းတွားရင်း ကုတင်ပေါ်ကနေဆင်းလိုက်သည်။
Mi-အ..
ခြေထောက်ကကောင်းကောင်းမသက်သာသေးတာကြောင့် ထောက်လိုက်တိုင်းနာကျင်နေဆဲ
Mi-သူဘယ်ရောက်သွားတာလဲ
အခန်းထဲတစ်ခုလုံးကိုမျက်လုံးနဲ့၀ေ့ပတ်ရှာရင်း လူကရေချိုးခန်းနားကိုကုပ်ချောင်းကုပ်ချောင်းနဲ့ရောက်သွားသည်။
Mi-ရေချိုးခန်းထဲမှာထင်တယ်။
အတွေးနဲ့ တံခါးနားကပ်ပြီးနားထောင်ရန်ပြင်တုန်း
"ကျွီ....."
Mi-အမလေးး
ရုတ်တရက်ပွင့်သွားတဲ့ တံခါးကြောင့် အထဲကိုလဲကျသွားတဲ့ Minaကိုယ်လုံးလေးကိုပွေ့ဖက်ထားလိုက်တဲ့Chae
Chae-ဘာလုပ်နေတာလဲ တံခါး၀မှာခိုးကြောင်ခိုး၀ှက်နဲ့။ ကိုယ်ရေချိုးတာကိုချောင်းကြည့်မလို့တော့မဟုတ်ပါဘူးနော်
ခါးမှာတဘက်တစ်ထည်တည်းပတ်ထားတဲ့ ChaeကိုMinaရန်တွေ့ချင်ပေမဲ့လည်း မျက်နှာကိုမော့မကြည့်ရဲ Absတွေနဲ့ယောင်္ကျားပီသစွာတောင့်တင်းနေသောChae၏ခန္ဓာကိုယ်ကိုမတော်တဆကြည့်မိကာMinaတံတွေးပင်မျိုချမိသည် (ဂလု🤤)
Mi-မ...မဟုတ်ပါဘူးးရေချိုးခန်းထဲမှာလူရှိလားလို့သိချင်လို့ပါ....Mi ကိုလွှတ်ပေးတော့
Minaလွှတ်ခိုင်းပေမဲ့Chaeကမလွှတ်ပေးဘဲ
Chae-မင်းကအရမ်းအိပ်နိုင်တယ်နော်။ကိုယ်နိုးနေတာကြာလှပြီ...ဘာလို့အခုမှနိုးတာလဲ
ŞİMDİ OKUDUĞUN
Love Surrounded by hatred
Hayran KurguဒီFicလေးကလည်းMichaeng ficလေးပါဘဲ ဒါမဲ့Crystalကိုယ်တိုင်ရေးထားတာတော့မဟုတ်ပါဘူး Crystalရဲ့သူငယ်ချင်းတစ်ယောက်ရေးထားတာပါ အရမ်းကောင်းလို့Readerလေးတွေကိုလည်းဖတ်စေချင်လို့ပါ Crystalရဲ့သူငယ်ချင်းကWatppadမှာမတင်ဘဲFbမှာဘဲတင်တာပါ။ ဒါကိုWattpadမှာCrystalကပြန်ပြ...