"Love surrounded by hatred "
Ep-8
Tzu- Hyun companyရှေ့မှာသတင်းထောက်တွေရောက်နေတယ်။
Chaeရုံးခန်းထဲထိအလောတကြီးရောက်လာပြီးပြောသည့်Tzuyu
Tzu-ဒီမနက် ဂျာနယ်မှာမှာတဲ့ Hyun ရဲ့မင်္ဂလာသတင်းကြောင့်အကုန်လုံး အုတ်အော်သောင်းနင်းဖြစ်ကုန်ကြပြီ
Tzuyuတစ်ယောက်နောက်တစ်ခါထပ်ပြောမှChaeမော့ကြည့်လိုက်ပြီး
Chae-သတင်းထောက်တွေကိုအထဲပေး၀င်လိုက်ပါ
Tzu-ဗျာ😳
Chaeပြောလိုက်တဲ့ စကားကြောင့်Tzuyuအံ့ဩသွားသည်။ ထိုအချိန် Chae ရဲ့အတွင်း ရေးမှူးကလည်းအခန်းထဲ၀င်လာပြီး
Ms.kim- သူဌေး ပါတနာcompany တွေက သူဌေးရဲ့မင်္ဂလာသတင်းကိုဆက်တိုက် ဖုန်းဆက်ပြီးမေးနေကြတယ်။
Chae-လောလောဆယ်ဖုန်းကြိုးကိုခနဖြုတ်ထား လိုက်။ ဘယ်ဖုန်းကိုမှပြန်မဖြေနဲ့
Ms.kim- ဟုတ်ကဲ့
အတွင်းရေးမှူးထွက်သွားတော့Chae ဆီဖုန်း၀င်လာသည်။ contact name မှာပေါ်လာတာက"အဖိုး"
Chae တမင်တကာဖုန်းမကိုင်ဘဲနေလိုက်သည်
Tzu-စံအိမ်ကမဟုတ်လား။ ကြည့်ရတာ Hyun ရဲ့သတင်းကိုအဖိုးသိသွားပြီထင်တယ်။
Chae-သေချာတာပေါ့
Tzuyuတစ်ယောက်Chaeရဲ့သွေးအေးနေတဲ့ပုံကိုကြည့်ပြီး ဘာတွေတွေးနေလဲဆိုတာလုံး၀စဉ်းစားမရဖြစ်နေသည်။ Tzuyuဖြစ်နေတာကိုChaeကရိပ်မိသွားပြီး
Chae-မင်းဘာတွေစဉ်းစားနေလဲဆိုတာငါသိတယ်Tzuyu။အရမ်းကြီးမစဉ်းစားနဲ့မကြာခင်အားလုံးကိုနားလည်သွားလိမ့်မယ်😏
Chaeတစ်ယောက် Tzuyuပုခုံးကိုပုတ်လိုက်ပြီး( အရပ်ရှည်နေတာ ကိုကျားပေါက်😂😂)
Chae-သတင်းထောက်တွေကိုပေး၀င်လိုက်ပါ
Tzu-Nae
Tzuyuထွက်သွားတော့Chaeလက်ထဲကနာရီကိုကြည့်လိုက်ပြီး
Chae-မကြာခင်မင်း ကိုယ့်ဆီကိုရောက်လာတော့မယ်ဆိုတာကိုယ်သိနေတယ် Mi😎
...........
ဒေါသစိတ်နဲ့အတူမြန်ဆန်နေတဲ့ Miရဲ့ခြေလှမ်းတွေကcompanyထဲမှာကင်မရာတွေတပြင်ပြင်နဲ့စုရုံးစုရုံးဖြစ်နေတဲ့သတင်းထောက်တွေကို ကြည့်ပြီးရပ်တန့်သွားရသည်။
YOU ARE READING
Love Surrounded by hatred
FanfictionဒီFicလေးကလည်းMichaeng ficလေးပါဘဲ ဒါမဲ့Crystalကိုယ်တိုင်ရေးထားတာတော့မဟုတ်ပါဘူး Crystalရဲ့သူငယ်ချင်းတစ်ယောက်ရေးထားတာပါ အရမ်းကောင်းလို့Readerလေးတွေကိုလည်းဖတ်စေချင်လို့ပါ Crystalရဲ့သူငယ်ချင်းကWatppadမှာမတင်ဘဲFbမှာဘဲတင်တာပါ။ ဒါကိုWattpadမှာCrystalကပြန်ပြ...