Ep.17

420 41 25
                                    

"Love surrounded by hatred "

Ep-17

"ကျွီ...."

တံခါးဖွင့်ပြီးအခန်းထဲကို၀င် ၀င်လာခြင်း Mina ကိုမတွေ့တာကြောင့်

Chae- Mi..

နာမည်ခေါ်ကြည့်ပေမဲ့ပြန်ဖြေသံလဲမကြား တစ်ခန်းလုံးလည်းခြေရာလက်ရာမပျက် ကုတင်ပေါ်ကအက်ျီကလည်းပုံမပျက်

Chae-  Mi မင်းဘယ်မှာလဲ

အပြင်ဘက်ကခေါ်သံတွေကိုရေချိုးခန်းတံခါးကနေကပ်နားထောင် နေရင်း Mina ရင်တွေတဒိတ်ဒိတ်ခုန်နေရသည်။

Chae- Mi...ကိုယ်ခေါ်နေတာကြားလား

Mi-ဘာလို့အဲ့လောက်ခေါ်နေတာလဲမသိဘူး... လူကိုမမြင်ဖူးတာကြနေတာပဲ

Mina ပွစိပွစိပြောနေတုန်း

"ဒေါက်...ဒေါက်"

Mi-အမလေး

တံခါးကိုကပ်ပြီးနားထောင်နေတုန်း ရုတ်တရက်အပြင်ကနေတံခါးကိုလာခေါက်တော့..လန့်ပြီးဖင်ထိုင်ရက်လဲကျသွားသည်။

Chae- Mi ရေချိုးခန်းထဲမှာမဟုတ်လား

Mi-ဒီလူကတော့...

Mina ထိုင်ရာကနေကြုံးထလိုက်ပြီး

Mi-ဟုတ်တယ်။ အထဲမှာ

Chae-အထဲမှာဘာလုပ်နေတာလဲ

Mi-ရေချိုးနေတာ

Chae- မဟုတ်တာတွေပြောမနေနဲ့။ ရေသံလဲမကြားဘူး.. ထွက်လာခဲ့

Mi-မထွက်ပါဘူး..ဘာလို့ထွက်လာရမှာလဲ။ 
Mi ..ရေကြာကြာလေးစိမ်ချင်သေးတယ်။ရှင်လည်ပင်ပန်းနေမှာပဲ..အရင်နားလိုက်တော့နော်

ကလေးဆန်ဆန်ဉာဏ်များနေတဲ့ Mina စကားကြောင့် Chae ရယ်လိုက်မိသည်။

Mi-ဘာလဲဟ... တစ်ခါထဲနဲ့စကားနားထောင်သွားတာလား

အပြင်ကအသံတတိတ်သွားတာမို့ Mina ဇ၀ေဇ၀ါဖြစ်သွားသည်။

"ကလစ်"

ရုတ်တရက်ပွင့်လာတဲ့ရေချိုးခန်းတံခါး...Mina အထိတ်တလန့်နဲ့ကြောင်ပြီးကြည့်နေမိစဥ် အခန်း၀မှာပေါ်လာတဲ့ Chae က လက်ထဲကသော့တွဲလေးကို Mina မြင်အောင်မြှောက်ပြသည်။

Love Surrounded by hatredWhere stories live. Discover now