Ep.13

395 36 12
                                    

"Love surrounded by hatred "

Ep-13

Mi- Son Chaeyoung,  Miသူ့ဆီကနေ ထွက်ပြေးချင်တယ်

Mo-ဘယ်လို😳

Minaစကားကြောင့် MoMo အံသြသွားရသည်။ပြီးတော့မှ Mina ငိုနေရတဲ့အကြောင်းကိုရိပ်မိသွားဟန်ဖြင့်

Mo-အဲ့တာဆို Mi အခုငိုနေတာ Son Chaeyoung ကြောင့်ငိုနေရတာလား😤

Mi-  Mi ကိုဒီအတိုင်းဘာမှမမေးဘဲကူညီပေးလို့မရဘူးလားဟင်😢။အခုချိန်မှာဘာမှမပြောချင်သေးဘူး။Mi သူနဲ့လက်မထပ်ချင်ဘူး။ သူ့လက်ထဲကနေထွက်ပြေးချင်တယ်။ Mi ကိုကူညီပေးပါနော်😭

Mo- Mi ရယ်😞

MoMo သူမရဲ့မျက်ရည်တွေကိုမကြည့်ရက်စွာပဲ သူမကိုရင်ခွင်ထဲပွေ့ဖက်ထားမိသည်။

Mo-  ရတယ်။ ကိုယ့်အတွက်ဘာအကြောင်းပြချက်မှမလိုဘူး။ Mi ဖြစ်စေချင်တဲ့အတိုင်းအားလုံးဖြစ်စေရမယ်

MoMo. Mina ကိုသူ့ရဲ့ရင်ခွင်ထဲကနေဆွဲခွာရင်း မျက်ရည်တွေကိုယုယစွာသုတ်ပေးလိုက်သည်။

Mo- မငိုနဲ့တော့နော်

Mina ကရှိုက်သံလေးတွေနဲ့ ခေါင်းငြိမ့်ပြလိုက်သည်။MoMo
Mina ရဲ့လက် လေးတွေကိုတင်းကြပ်စွာဆုပ်ကိုင်ထားသည်။

...........

Chaeyoungစံအိမ်ထဲကို၀င်လာတာနဲ့ သူ့ကိုစောင့်နေတဲ့ပုံပေါ်တဲ့ အိမ်တော်ထိန်းက

Mr. ham-  သခင်လေးဒီနေ့ပြန်လာတာနောက်ကျတယ် နော်

Chae- ဟုတ်တယ်။အန်ကယ်ဘာလို့လဲ။ ကျွန်တော့်ကိုပြောစရာရှိလို့လား

Mr. ham- သူဌေးကြီးက သခင်လေးကိုစောင့်နေပါတယ်။ လက်ထပ်ပွဲအကြောင်းပြောဖို့ထင်တယ်။ သခင်လေးရဲ့ဦးလေးလင်မယားကိုလည်းခေါ်ထားပါတယ်

Chae-အင်း.... ကျွန်တော်သွားလိုက်ပါ့မယ်

Chae ပြောပြီးလှေကားပေါ်တက်ဖို့ခြေလှမ်းပြင်လိုက် တော့

Mr. Ham- သခင်လေး.. သောက်လာတာလား

Chae- ကျွန်တော့်ပုံစံကသိသာနေလို့လား

Chae ကိုယ့်ကိုကိုယ်ပြန်ကြည့်ရင်းမေးလိုက်တော့ Mr. Ham ကခေါင်းငြိမ့်ပြသည်။

Love Surrounded by hatredWhere stories live. Discover now