"Love surrounded by hatred"
Ep-12
Mi-ဟင်
အထဲမှာတွေ့လိုက်ရတာကဓာတ်ပုံတွေ
Mi-ဒါ Son Chaeyoungရဲ့ပုံတွေပဲ ပြီးတော့သူ့ဘေးကမိန်းကလေးကဘယ်သူလဲ
ဓာတ်ပုံတွေကChaeနဲ့မိန်းကလေးတစ်ယောက်ရဲ့ပုံတွေဖြစ်ကာ
ပုံစံတွေကိုကြည့်လိုက်တာနဲ့သာမန်ဆက်ဆံရေးမျိုးမဟုတ်တာကို Mina သိလိုက်သည်။Mi-ဘယ်သူကငါ့ဆီကိုဒီပုံတွေပို့လိုက်ရတာလဲ။ဘာသဘောနဲ့လဲ
အထပ်ထပ်ရှိနေတဲ့ဓာတ်ပုံတွေကိုတစ်ပုံချင်းဆီကြည့်နေရင်းMina မျက်နှာတဖြည်းဖြည်းတင်းမာလာသည်။ဓာတ်ပုံတွေနဲ့အောက်မှာတွေ့လိုက်ရတာကဖုန်းနံပါတ်တစ်ခု
Mi- ဖုန်းနံပါတ်တစ်ခုပါလား။ဆက်ကြည့်ရင်ကောင်းမလား
Mina လည်းသူမဖုန်းကိုစက်ပြန်ဖွင့်ပြီး ထိုဖုန်းနံပါတ်ကိုခေါ်လိုက် ပေမဲ့ တော်တော်နဲ့ဖုန်းမကိုင်ဘဲ။ ထပ်ခါထပ်ခါခေါ်တော့မှဖုန်းကိုင်သည်။
"Hello"
တစ်ဖက်ကကြားလိုက်ရတာကယောင်္ကျားတစ်ဦးရဲ့အသံ
Mi-ဓာတ်ပုံတွေပို့လိုက်တာရှင်လား။ဘာသဘောလဲ။ ဘာကြောင့်ကျမဆီကိုဒီပုံတွေပို့လိုက်ရတာလဲ
"ကျွန်တော်တစ်နေ့လုံးMyoui Mina ရဲ့ဖုန်းကိုမျှော်နေတာ"
Mi-ရှင်ဘယ်သူလဲ
"အပြစ်မဲ့တဲ့မိန်းကလေးတစ်ယောက်ကိုလူယုတ်မာတစ် ယောက်ရဲ့လက်ထဲကနေကယ်တင်ပေးချင်တဲ့ လူတစ်ယောက်လို့သိထားရင်ရပါပြီ"
Mi-လူယုတ်မာ ဟုတ်လား
"ဟုတ်တယ်။ တစ်ကယ်တော့မင်းလည်းသိချင် နေမယ်လို့ထင်ပါတယ်။Son Chaeyoungနဲ့ဓာတ်ပုံထဲကမိန်းကလေးကဘယ်လိုပတ်သက်မှုမျိုးလဲဆိုတာ"
Mina ဘာမှပြန်မပြောတော့
"ကျွန်တော်အလကားသက်သက်မင်းဆီကိုဓာတ်ပုံတွေပို့လိုက်မိပြီထင်တယ်။ မင်းကိုကြည့်ရတာသိပ်ပြီးစိတ်၀င်စားပုံမရဘူး။ကျွန်တော်ဒီလောက်နဲ့ပဲဖုန်းချလိုက်တော့မယ်"
Mi-နေပါဦး.... ကျမကိုပြောပြပါ.....သူတို့ကဘယ်လိုပတ်သက်တာလဲ
Mina ရဲ့အမေးကိုနားထောင်ရင်း Kelvin ကောက်ကျစ်စွာပြုံးလိုက်သည်။

YOU ARE READING
Love Surrounded by hatred
FanfictionဒီFicလေးကလည်းMichaeng ficလေးပါဘဲ ဒါမဲ့Crystalကိုယ်တိုင်ရေးထားတာတော့မဟုတ်ပါဘူး Crystalရဲ့သူငယ်ချင်းတစ်ယောက်ရေးထားတာပါ အရမ်းကောင်းလို့Readerလေးတွေကိုလည်းဖတ်စေချင်လို့ပါ Crystalရဲ့သူငယ်ချင်းကWatppadမှာမတင်ဘဲFbမှာဘဲတင်တာပါ။ ဒါကိုWattpadမှာCrystalကပြန်ပြ...