Ep.4

18 0 0
                                    

Love surrounded by hatred
Ep.4

At morning

Mi- unnie Mi ကူလုပ်ပေးမယ်လေ

Na-ရပါတယ် Mi ရဲ့မနက်စာကအဆင်သင့်ဖြစ်နေပါပြီ။ဒါနဲ့ Mi ဒီနေ့အိပ်ယာထတာနောက်ကျတယ်နော်။ ညကအိပ်မပျော်လို့လား

Mi-ဟုတ်တယ်။ ညကအိပ်တာနည်းနည်းနောက်ကျသွားလို့

Joungyeon ကထမင်းစားခန်းထဲ၀င်လာပြီး

Joung-ဗိုက်ဆာလိုက်တာ

Na-အဆင်သင့်ပါပဲရှင့်။ စားလို့ရပါပြီ

Joung-အဲ့တာဆိုစားတော့မယ်။ ဒီနေ့companyစောစောသွားရမှာမို့လို့

Mi-ဘာလို့အဲ့လောက်တောင်လောနေရတာလဲ Oppa

Joung-မလောလို့မရဘူးလေ။ ဒီနေ့ သူဌေးအသစ်ကပထမဆုံးရုံးတက်မှာဆိုတော့လွဲလို့မဖြစ်ဘူး

Minaလည်းJoungyeonကိုဆက်မေးမနေတော့ဘဲမနက်စာကိုသာဆက်စားနေလိုက်သည်။

Na-ဒါနဲ့ ကိုပြောတဲ့Son chaeyoung ဆိုတဲ့သူဌေးကိုတွေ့ပြီးသွားပြီလား

Joung-တွေ့ပြီးသွားပြီ။ မနေ့ကလေဆိပ်ကိုသွားကြိုတယ်လေ။
သူကလေကိုယ့်ထက်အသက်ငယ်ပေမဲ့တော်တော်အရည်အချင်းရှိတယ်။ မာနလည်းကြီးမဲ့ပုံပဲ။ ဒါပေမဲ့ကိုယ့်ကိုတော့ဖော်ဖော်ရွေရွေဆက်ဆံပါတယ်

Joungyeon ကNayeonကိုပြောပြနေတာတွေကိုMinaငြိမ်ပြီးနားထောင်နေမိတယ်။

Mina mind'-အခုရက်ပိုင်းအိမ်မှာ Son Chaeyoungဆိုတဲ့နာမည်ကိုပဲခနခနကြားနေရတယ်။တစ်ကယ်ပဲသူကဘယ်လိုလူမို့လို့ Oppaကဒီလောက်ချီးမွှမ်းနေရတာလဲ

Joung-ပြောဖို့မေ့နေတာ။ မနက်ဖြန် Son group ကနေသူဌေးပြန်လာတာကိုကြိုဆိုတဲ့အနေနဲ့Partyတစ်ခုလုပ်ဖို့ရှိတယ်။ လုပ်ငန်းစုတစ်ခုလုံးရဲ့ရှယ်ယာ၀င်တွေကိုဖိတ်ထားတာ။ အဲ့တာNaရော Mi ရော၂ယောက်လုံးလိုက်ခဲ့ရမယ်။

Mi- Mi မလိုက်လို့မရဘူးလား။ အဲ့လိုပွဲတွေမတက်ချင်ဘူး

Na-ဟုတ်သားပဲ။ Na လည်းမလိုက်ချင်ဘူး

Joung-၂ယောက်လုံးငြင်းမယ်ဆိုတာကြိုသိနေတယ်။ လိုက်ခဲ့ပါကွာတစ်ခါတစ်လေပဲကို။ ကိုယ်လဲကိုယ့်ရဲ့မိန်းမချောချောလေးနဲ့ညီမချောချောလေးကိုကြွားချင် တာပေါ့။

Love Surrounded by hatredWhere stories live. Discover now