Ep.15

346 39 8
                                    

"Love surrounded by hatred"

Ep-15

Chae-ဒီနေ့ကစပြီး၅ရက်မြောက်တာနဲ့မင်းဟာကိုယ့်ရဲ့ဇနီးဖြစ်လာရတော့မယ်ဆိုတာမမေ့ပါနဲ့

Chaeyoungပြောပြီးထမင်းစားခန်းထဲကထွက်သွားသည်။Minaကတော့တစ်ယောက်ထဲစားပွဲမှာကျန်နေခဲ့သည်။

.............

အခန်းတစ်ခုလုံးကိုအမှောင်ချထားပြီး..ကုတင်ကိုကျောမှီကာထိုင်နေမိသည်။ညဉ့်အရမ်းနက်နေတာကိုသိပေမဲ့လည်းအခုထိအိပ်မပျော်နိုင်သေးတဲ့Mina

Mi-ငါ့အဖြစ်ကလည်းတစ်ကယ်ကိုအကျဉ်းကျနေသလိုပါပဲလား

နာကျင်စွာရေရွတ်မိရင်းမျက်ရည်ကချက်ချင်းဝဲတက်လာသည်။

Mi-တစ်နေကုန်ငိုနေရတာတောင်ဒီမျက်ရည်တွေကမကုန်နိုင်သေးဘူး

ထောင်ထားတဲ့ဒူးနှစ်ဖက်ပေါ်မျက်နှာအပ်ကာငိုကြွေးလိုက်တဲ့Mina

..............

နံနက်ခင်းရဲ့နေရောင်ခြည်ကခန်းဆီးလိုက်ကာေတွကြားက‌ေန Minaမျက်နှာပေါ်ကျရောက်လာမှဖျတ်ခနဲလန့်နိုးလာသည်။

Mi- အား...ကျွတ်..ကျွတ်

ပျော်သွားတာကြောင့်နိုးလာတော့အကြောတွေကတောင့်တင်းနေသည်။

"ဒေါက်...ဒေါက်"

"မမလေး.....နိုးနေပြီလား"

အပြင်ကကြားလိုက်ရတဲ့အသံကြောင့်Minaမတ်တပ်ထရပ်လိုက်ပြီး

Mi- အင်း...နိုးနေပြီ

"မနက်စာအဆင်သင့်ဖြစ်နေပြီလို့လာပြောတာ။မမလေးအဆင်သင့်ဖြစ်ရင်ဆင်းလာခဲ့ပါနော်"

အပြင်ကအသံတိတ်သွားမှMinaရေချိုးခန်းထဲ၀င်လာခဲ့သည်။

............

Minaထမင်းစားခန်းထဲရောက်တော့Chaeကိုမတွေ့တာနဲ့

Mi-Son Chaeyoungရော

"သခင်လေးက စံအိမ်ကိုခနပြန်သွားပါတယ်"

Minaဘာမှထပ်မေးမနေတော့ဘဲ စားပွဲပေါ်ကသူ့အတွက်ပြင်ပေးထားတဲ့မနက်စာကိုမျက်လုံးဝှေ့ကြည့်လိုက်ပြီး

Mi-.  Miမစားချင်တော့ဘူး။ပြန်သိမ်းလိုက်ပါ

"အဲ့လိုမလုပ်ပါနဲ့မမလေးရယ်။သခင်လေးကသေချာမှာထားခဲ့တာ။မမလေးဘာမှမစားရင်ကျမတို့ဆူခံရလိမ့်မယ်။"

Love Surrounded by hatredWhere stories live. Discover now