Part 2

9.1K 566 16
                                    

Zawgyi

At ..... Club

ရိပေါ် -"ရှောင်ကျန့် ဒါတွေမင်းသောက်တတ်မှာမဟုတ်ဘူး။အအေးဘဲသောက်။လာကိုယ်နဲ့လိုက်ခဲ့"

ရှောင်ကျန့် -"ဟုတ်"

ရှောင်ကျန့်တစ်ယောက် ဆရာ ကျိရန် တို့ကခေါ်လာတာကြောင့်ကလပ်ဆိုသောနေရာကြီးကိုရောက်ရှိနေတယ်။

အထဲကမှောင်မှောင်မဲမဲနဲ့ကိုမှ မီးရောင်စုံမှိတ်လိုက်ဖွင့်လိုက်ဖြစ်နေတဲ့အပြင်သီချင်းသံကလည်းဆူညံနေတာကြောင့် မျက်စိနောက်ပြီး ခေါင်းမူးနေသည့်အဖြစ်။

ဒါကိုရိပ်မိပုံရတဲ့ ဝမ်ရိပေါ်ဆိုတဲ့ဉီးလေးကြီးဟာ သူနဲ့လိုက်ခဲ့ဖို့ခေါ်တာကြောင့် ကလပ်ထဲကထွက်လာခဲ့လိုက်တယ်။

ငူငူငိုင်ငိုင်လေးနဲ့ထိုင်နေတဲ့ ကောင်လေးကိုသူနဲ့မရင်းနှီးတဲ့နေရာကနေ လေတိုက်ပြီး နားအေးတဲ့ အပေါ်ထပ် လသာဆောင်သို့ခေါ်လာလိုက်တယ်။

ရိပေါ် -"ရော့။ဒါသေါက်လိုက်    ခေါင်းကြည်သွားအောင်။"

အလုပ်ကိစ္စတွေကြောင့် တခါတရံခေါင်းရှုပ်တတ်တဲ့ ရိပေါ်က ကားပေါ်မှာဆောင်ထားလေ့ရှိတဲ့ အအေးဘူးလးကို ကမ်းပေးလိုက်တယ်။

ရှောင်ကျန့် -"ကျေးဇူးပါဗျ"

ရိပေါ် -"အင်း"

အချိန်အတော်ကြာ သူတို့နှစ်ဉီးကြားတိတ်ဆိတ်သွားပြီးနောက် စကားဝိုင်းကို ရှောင်ကျန့်က ပြန်စတယ်။

ရှောင်ကျန့် -"ဟို ဉီးလေးကြီးက အထဲမှာမနေဘူးလားဟင်။"

ရိပေါ် -"အင်း ကိုယ်ကမျက်စိနောက်တာတွေမကြိုက်ဘူးလေ။"

မုသားလို့မဆိုသာတဲ့ အလိမ်အညာတချို့နဲ့ပြန်ဖြေလိုက်တယ်။ဆယ်ကျော်သက်အရွယ်တုန်းက နာမည်အရမ်းကြီးနဲ့ ရိပေါ်ဟာ club သွားရတာမကြိုက်ဘူး ဆိုတာ အလိမ်အညာ စကားသာ။

ဒါပေမယ့် အခုအသက် ၂၉ နှစ်မှာတော့ စီးပွါးရေးအတွက်သာကြည့်ပြီး အပျော်အပါးနည်းလာကာ တည်ငြိမ်ရင့်ကျက်လာတယ်။

ရှောင်ကျန့် -"ဟုတ်"

ရိပေါ် -"ကောင်လေး။ကိုယ့်ကိုမင်းအကြောင်းမပြောပြချင်ဘူးလား။"

My Dear Naughty BabyWhere stories live. Discover now