Part 15

5.4K 326 22
                                    

Zawgyi

ရိပေါ် -"စုန့်လန် လေယာဉ်ချိန်ကနီးနေပြီ။ဝင်ရင်ဝင်တော့လေ။"

စုန့်လန် -"အွင်း ငါသွားတော့မယ်။ကျိရန် ငါသွားပြီနော်။ကိုယ့်ကိုယ်ကို ဂရုစိုက်အုန်း။"

ကျိရန် - "ဟိုရောက်ရင်လည်း ငါတို့ကိုအကြောင်းကြားအုန်းနော်။"

စုန့်လန်-"အေးပါကွာ ကျန်းချန်ငါသွားပြီ။"

ကျန်းချန်တစ်ယောက်သူငယ်ချင်းအတွက်စိတ်မကောင်း၍စကားတောင်ပြန်မပြောနိုင်။

မျက်ရည်အဝဲစားနဲ့ သနားသလိုကြည့်နေတဲ့ကျန်းချန်ကိုဟန်ဆောင်ပြုံးလေးပြုံးပြပြီး အားလုံးကိုကျောခိုင်းခဲ့တယ်။

ကိုယ်ချစ်တဲ့လူတစ်ယောက်က ကိုယ့်မျက်စိရှေ့မှာ တခြားလူရဲ့ရင်ခွင်ထဲပျော်နေတာကိုမြင်နေရတဲ့အခါ နာကြင်မှုကတိုင်းဆလို့မရပေ။

တုံးအလွန်းတဲ့ ချစ်ရသူကိုအပြစ်တင်သင့်လား။အချစ်ကိုမဖော်ပြတတ်တဲ့သူ  ဖွင့်မပြောရဲတဲ့သူ့ကိုယ်သူ အပြစ်တင်ရမလား။

စွန့်လွှတ်တော့မယ်လို့ဆုံးဖြတ်ပြီးတဲ့နောက်မှာ အဝေးဆုံးကိုဘဲထွက်သွားချင်တယ်။

မျက်နှာပြောင်တိုက်ပြီး အနီးဆုံးမှာဆက်နေရအောင်လည်း ရွှယ်ယမ်ကိုအားနာမိတယ်။ကျိရန်နဲ့ကဘယ်လောက်ဘဲခင်နေပါစေ အခုရွှယ်ယမ်ကသက်ဆိုင်သူဘဲလေ။

ဒါကြောင့် ရှီးချန်ဆီကိုသွားကူရင်းနဲ့အဲ့မှာဘဲအပြီးနေဖို့ဆုံးဖြတ်လိုက်တယ်။ကျန်တဲ့သူတွေကိုတော့  ခနသွားကူပေးမယ်ဘဲပြောထားခဲ့တယ်။

**ပြန်ဆုံမယ်မဆုံဘူး သေချာမပြောနိုင်တဲ့အတွက် အခုကတည်းက အားလုံးကိုနှုတ်ဆက်လိုက်ပါတယ်။**

Yiboတို့လည်း လေယာဉ်ထွက်တာနဲ့ကိုယ့်အလုပ်ကိုယ်ပြန်လာကြတယ်။
ကျန့်ကျန့်ကတော့အိမ်မှာ စားလိုက်အိပ်လိုက်နဲ့ မျက်နှာလေးကို ဖောင်းနေတာဘဲ။

ရှောင်ကျန့်အကြောင်းတွေးတာရပ်ပြီး အလုပ်မှာအာရုံစိုက်နေတုန်း

'ဒေါက် ဒေါက်!!!´
ရှန်ယွဲ့ - "သူဌေး အမျိုးသမီးတစ်ယောက်က သူဌေးနဲ့တွေ့ချင်လို့ဆိုပြီး တွေ့ခွင့်တောင်းနေပါတယ်။"
(လင်းရှန်ယွဲ့ကို မှတ်မိကြလား။ရိပေါ်ရဲ့ အတွင်းရေးမှူးပါ။Part 4 မှာပါပါတယ်နော်)

My Dear Naughty BabyWhere stories live. Discover now