Part 5

7.1K 518 24
                                    

Zawgyi

ရိပေါ် ရွှယ်ယမ်နဲ့စကားပြောနေတုန်း ဖုန်းဝင်လာတာကြောင့်ကိုင်လိုက်တယ်။
ရိပေါ် -"ဟလို ဝမ်ရိပေါ် ပြောနေပါတယ်။"

Other -"ဟုတ်ကဲ့ ကျမက.....ကျောင်းက ကျောင်းအုပ်ဆရာမ........ပါ။အခု ကျောင်းသားရှောင်းရှောင်ကျန့်က သူ့အတန်းဖော်တွေနဲ့ရန်ဖြစ်တာကြောင့် ရုံးခန်းရောက်နေပါတယ်။အဲ့တာ စည်းကမ်းထိန်းသိမ်းရေးမှာလက်မှတ်ထိုးဖို့ အုပ်ထိန်းသူဘက်ကလာခဲ့ဖို့တောင်းဆိုတာပါ။"

ရိပေါ် -"ဘာ!!!တောက်စ်!!အခုလာခဲ့မယ်။"

ဖုန်းချပြီးတာနဲ့ ရွှယ်ယမ်ကိုခေါ်ပြီး ကျောင်းကိုလိုက်သွားလိုက်တယ်။

အလောတကြီး ထွက်လာတာကြောင့်အတွင်းရေးမှူးရော၊driverရော မပါလာ။ဒေါသထွက်လွန်းလို့ လက်တွေတုန်နေတာကြောင့် ရွှယ်ယမ်ကိုပင် ကားမောင်းခိုင်းလိုက်ရသည်။

ကျောင်းကိုရောက်တာနဲ့ ရုံးခန်းဆီကိုမမြန်သွားပြီး အထဲဝင်လိုက်တယ်

ရိပေါ် -"Baby!!"

ရှောင်ကျန့် -"ဟင်!Daddy"

ရိပေါ် -"baby ဘာဖြစ်သွားသေးလဲ  ဒဏ်ရာရသွားသေးလား။"

ဝင်လာကတည်းက ကျန့်ကျန့်ကို ဖင်တစ်ပြန် ခေါင်းတစ်ပြန်ကြည့်ပြီး မေးနေတဲ့ရိပေါ်ကြောင့်

ကျောင်းအုပ် -"ဒီမှာရှင့်။ဒါဘယ်လိုရိုင်းစိုင်းမှုလဲ။ရုံးခန်းထဲကိုဝင်ရင် တံခါးခေါက်ရမယ်ဆိုတာနားမလည်ဘူးလား။နည်းနည်းပါးပါးလေးစားမှုတော့ရှိပါ။အုပ်ထိန်းသူကိုယ်တိုင်ကဒီလိုဖြစ်နေတာ ကလေးရန်ဖြစ်တယ်ဆိုတာမဆန်းပါဘူး။"

အခုမှ အခန်းထဲရောက်လာတဲ့ ရွှယ်ယမ်က ကျောင်းအုပ်ပြောတဲ့ စကားတွေကိုကြားပြီး ပြန်ပြောရန် လုပ်ပေမယ့် ရိပေါ်က တားလိုက်သည်။

ရိပေါ် -"ဟင်း။အခုကျန့်ကျန့်ဖြစ်တဲ့ကိစ္စဘဲပြောရအောင် ဘယ်လိုဖြစ်တာလဲ။"

ကျောင်းအုပ် -"ကောင်းပြီလေ။အခုကိစ္စက ရှောင်ကျန့် နဲ့ ကျစ်ဟန် စကားပြောနေရင်းက ရှောင်ကျန့်က ကျစ်ဟန်ကို တွန်းလိုက်တယ်။ပြီးတော့ သူ့သူငယ်ချင်းတွေကပါ ကျစ်ဟန်ရဲ့သူငယ်ချင်းတွေကိုရန်ရှာတယ်။ အဲ့ဒါကြောင့် အုပ်ထိန်းသူကို သိရအောင် အကြောင်းကြားပေးတာ။"

My Dear Naughty BabyWhere stories live. Discover now