Zawgyi
'တီ တီ'
အိမ်ထဲကို ကားဝင်လာသံကြားတာနဲ့ ရှောင်ကျန့်တစ်ယောက် နေထိုင်မရဖြစ်နေလေပြီ။ရိပေါ် -"ရှောင်ကျန့်!! ရှောင်းရှောင်ကျန့်!!! အခုထွက်လာခဲ့စမ်း။ ဘယ်ရောက်သွားတာလဲ။"
အောက်ထပ်ကနေ လှမ်းအော်နေတဲ့ Daddyကြောင့် အခန်းထဲကနေအမြန် ဆင်းလာခဲ့တယ်။
အခုဆို ကျန့်ကျန့်ဒီအိမ်ကိုရောက်နေတာ ၃လကျော်သွားပြီ။
စစရောက်ချင်းတုန်းက လူရှိန်တာတွေ ရှိခဲ့ပေမယ့် တစ်ပတ်လောက်အကြာမှာတော့ အကုန်လုံးနဲ့ရင်းနီးလာတယ်။"မင်းကိုကိုယ်ကမွေးစားလိုက်ပြီ ဒါကြောင့် ကိုယ့်ကိုဉီးလေးလို့ မခေါ်ဘဲ Daddy လို့ခေါ်ရမယ်"လို့ပြောခဲ့တာကြောင့် အခုဆို daddy ဆိုတဲ့အခေါ်အဝေါ်နဲ့တော်တော်ပင် အသားကျနေလေပြီ။
~~~~~
Flash back start
ဒီနေ့ကုမ္ပဏီက ရှယ်ယာရှင်တစ်ယောက်က နေ့လည်စာလိုက်ကျွေးမယ်ဆိုပြီး ခေါ်တာကြောင့် အားနာတာနဲ့ လိုက်ခဲ့လိုက်တယ်။ဆိုင်ကိုရောက်တဲ့အချိန်မှာ
sharer -"ဒီဆိုင်လေးကကျွန်တော် လာစားနေကြဆိုင်လေးလေ။ဆိုင်လေးကလည်း သန့်ပြီး အရသာလည်းကောင်းတော့ မကြာမဏလာစားဖြစ်နေတာ။"ရိပေါ်လည်း ဆိုင်ကိုသေချာကြည့်ပြီး
ရိပေါ် -"ဆိုင်ပုံစံလေးကြည့်ရတာရိုးရာမပျက်ဘဲ တီထွင်ကြံဆမှုလေးတွေထည့်ထားတယ်။အမြင်မရိုင်းသွားဘဲ အမြင်ဆန်းသစ်သွားတယ်လို့ကျွန်တော်ကတော့ထင်တယ်။"sharer -"ဟုတ်တယ် CEO ဆိုင်လေးဖွင့်ထားတာသိပ်မကြာပေမယ့် နာမည်အတော်ရနေတာ။အချက်အပြုတ်လက်ရာကလည်းရှယ်ဘဲ CEOရဲ့။waiter pls...."
ရိပေါ်လည်း menu စာအုပ်ကြည့်နေတုန်း
"ဘာများမှာမလဲမသိဘူးခဗျ" ရင်းနှီးနေတဲ့အသံလေးကြောင့် မော့ကြည့်လိုက်တယ်။ရိပေါ် -"baby!!!မင်းကအခုကျောင်းမှာရှိရမယ့်အချိန်မဟုတ်ဘူးလား။ဟမ်!!!"
ရှောင်ကျန် -"ဟင် Da...Daddy"
sharer -"CEO ဝမ် သူနဲ့CEOနဲ့က သိလို့လား။"
ရိပေါ် -"ဒါက ကျွန်တော် မွေးစားထားတဲ့ ကလေးပါ။အားနာစရာကောင်းပေမယ့် ကျွန်တော့်ကို ခွင့်ပြုပါအုန်း။
လာလိုက်ခဲ့!!"
ESTÁS LEYENDO
My Dear Naughty Baby
Fanficဖတ်ကြည့်ပါ။ အရေးအသားကျွမ်းကျင်မှုမရှိတာကြောင့် စိတ်အနှောက်အယှက်ဖြစ်သွားရင် sorryပါ။ ကြိုပြီးတော့warningပေးပါတယ်။ နောက်ပိုင်းတွေကျရင်18+တွေပါနိုင်တာကြောင့်အသက်ပြည့်ပြီးမှဖတ်စေချင်ပါတယ်။ ခိုးဖတ်မယ်ဆိုရင်လည်း voteပေးခဲ့😌