Zawgyi
'အဟွတ် အဟွတ် အဟွတ်´
သာမန်ထက်ပိုပြီးတော့ တိတ်ဆိတ်နေတဲ့ ကားထဲမှာ ကျန့်ကျန့် ရဲ့ ချောင်းဆိုးသံဟာ ကျယ်လောင်စွာ ထွက်လာလေတယ်။
အရင်ကတီတီတာတာ စကားတွေပြောဆိုပြီး ပြုံးရွှင်နေကြတဲ့လူနှစ်ယောက်ဟာ ဒီနေ့မှာတော့ တစ်ယောက်မျက်နှာပင် တစ်ယောက်မကြည့်ကြပေ။
ဟုတ်ပါတယ်။အားလုံးထင်နေတဲ့အတိုင်း daddy wang ကြီးက သူ့ရဲ့ baby လေးကို စိတ်ဆိုးနေတာပါ။
လွန်ခဲ့တဲ့နှစ်ရက် အတိအကျပြောရရင် ကစားကွင်းသွားတဲ့နေ့ကတည်းက စိတ်ဆိုးနေတာပါ။
ရေခဲမုန့် ၃ ခွက်ခိုးစားခဲ့တဲ့အဆိုးလေးက အဲ့နေ့ညမှာဘဲ ချောင်းတွေဆိုး ရင်တွေကြပ်ပြီး အိပ်လို့တောင်မရတဲ့အထိဖြစ်လို့ မိသားစု ဆရာဝန်ပါခေါ်လိုက်ရတယ်။
အသံမာမာနဲ့မေးလိုက်တော့မှ "ကျန့်ကျန့်က ရေခဲမုန့်လေးစားလို့ကောင်းလို့ ၃ ခွက်လောက်စားလိုက်တာကြောင့်ထင်တယ်။" လို့မျက်နှာငယ်လေးနဲ့ဆိုရှာတယ်။
"အဟွတ် အဟွတ် အဟွတ်"
ရှောင်ကျန့် -"အဟင့် ......ဟင့်......အီးဟီးးးးးးးး......ဟင့်ဟင့်"
အဆိုးလေးချောင်းဆိုးနေကတည်းကရင်ခွင်ထဲထည့်ထားချင်နေတဲ့ ရိပေါ်ဟာ
ရုတ်တရတ် ထငိုချတဲ့ baby ကြောင့် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ခဏကြောင်သွားပြီးမှရှောင်ကျန့် -"အဟင့်.....da..ddy......"
ရိပေါ် -"အင်း အင်း..baby ဘာလို့လဲ လည်ချောင်းနာလို့လား"
ရှောင်ကျန့် -"ဟင့်အင်း...ကျန့်ကျန့်ကိုစိတ်မဆိုးပါနဲ့တော့ daddy..ဟင့်....daddy စိတ်ဆိုးရင်မနေတတ်ဘူး....ဟင့် ကျန့်ကျန့် ဟင့် တောင်းပန်ပါတယ် ဟင့် နောက်မစားတော့ပါဘူး ဟင့် စိတ်မဆိုးပါနဲ့ ဟင့် ကျန့်ကျန့်ကိုစကားမပြောဘဲမနေပါနဲ့..အဟွတ် အဟွတ် ဟင့်"
အော်ဟစ်ငိုယိုပြီး တောင်းပန်နေတာကြောင့် ချောင်းတွေပါဆိုးလာတဲ့ကလေးငယ်ကို မကြည့်ရက်တော့ပေ။
ကလေးငယ်ကို ပုခုံးကနေကိုင်ပြီး မျက်ရည်သုတ်ပေးရင်း ရင်ခွင်ထဲကို ဆွဲထည့်လိုက်တယ်။
YOU ARE READING
My Dear Naughty Baby
Fanfictionဖတ်ကြည့်ပါ။ အရေးအသားကျွမ်းကျင်မှုမရှိတာကြောင့် စိတ်အနှောက်အယှက်ဖြစ်သွားရင် sorryပါ။ ကြိုပြီးတော့warningပေးပါတယ်။ နောက်ပိုင်းတွေကျရင်18+တွေပါနိုင်တာကြောင့်အသက်ပြည့်ပြီးမှဖတ်စေချင်ပါတယ်။ ခိုးဖတ်မယ်ဆိုရင်လည်း voteပေးခဲ့😌