Part 6

6.5K 473 14
                                    

Zawgyi

ရင်ခွင်ထဲမှာ တရှုံ့ရှုံ့ငိုနေတဲ့ကောင်လေးကို အိမ်ပြန်ခေါ်လာပြီး သူ့အခန်းထဲရောက်တဲ့အထိ ပွေ့ချီလာခဲ့လိုက်တယ်။

အဲ့ဒီနောက် အိပ်ယာပေါ်ကို မှောက်လျက်လေးချပေးပြီး

ရိပေါ် -"baby ဒီမှာငြိမ်ငြိမ်လေး နေအုန်းနော်။ကိုယ် ဆေးသေတ္တာ သွားယူလိုက်အုန်းမယ်။"

~~~~~

daddy ရဲ့အားကြီးနဲ့ရိုက်ချက်ကြောင့်  မတ်တပ်ပင်မနည်းရပ်နေရတဲ့ ကျန့်ကျန့်ကို daddyကပွေ့ချီခဲ့တယ်။

ဖန်ရှင်းတို့ရော ကျစ်ဟန်ရဲ့အရှေ့မှာပါ မိန်းကလေးတစ်ယောက်လို ပြုမူလိုက်တာကြောင့်  ရှက်ရှက်နဲ့ daddy ရင်ခွင်ထဲဘဲ တိုးဝင်လိုက်မိတယ်။

ဒီလောက်အရိုက်ခံထားရတာတောင်  daddy ကိုရင်ခုန်နေမိတဲ့ကိုယ့်ကိုယ်ကို လေးစားချင်လာတယ်။

ခနအကြာ ဆေးသေတ္တာ ကိုင်ပြီးဝင်လာတဲ့ ဝမ်ရိပေါ်။
သူ့နောက်မှာတော့ စားစရာတွေ သယ်လာပေးတဲ့ယမ်ယမ်နဲ့ အိမ်အကူအချို့။

လူတွေအကုန်ထွက်သွားတော့မှ နီရဲနေတဲ့ခြေထောက်ကအရှိုးရာလေးတွေကိုဆေးထည့်ပေးလိုက်တယ်။

အနာအမြန် ကျက်အောင် ဖိထည့်ပေးတာဖြစ်လို့ စပ်မှာတော့ အသေအချာပင်။  တစ်ချက်တစ်ချက် ရုန်းဖို့ကြိုးစားနေတဲ့ကောင်လေးကြောင့် အမြန်လက်စသတ်ပြီး

ရိပေါ် -"ဘာမှမစားရသေးဘူးမလား။လာ ထခဲ့။ ကိုယ့်ပေါင်ပေါ်လာထိုင်"

ပြောလည်းပြော။ထူလည်းထူပေးလိုက်တယ်။

ရိပေါ် -"ကိုယ်ပြောတာကို သေချာနားထောင် baby။အခု ကိစ္စက baby အလွန်မဟုတ်ဘူးဆိုတာ ကိုယ်သိတယ်။ဒါပေမယ့် သူတို့မတရားဆုံးဖြတ်နေတဲ့အချိန် baby က မှန်ရင်မှန်တဲ့အကြောင်း ​ပြောရဲတဲ့သတ္တိရှိရမယ်။ဘာမှမပြောဘဲ ရေငုံနှုတ်ပိတ် နေလို့ ကိုယ်က မင်းကို အပြစ်ပေးတာ။ကိုယ်ပြောတာနားလည်လား။"

ရှောင်ကျန့် -"ဟုတ် ကျန့်ကျန့်နောက်ဆို ငြိမ်မခံတော့ပါဘူး။ ရွှတ်!!"

ငိုထားတာကြောင့် နီရဲနေတဲ့ နှာထိပ်လေးနဲ့ မျက်ရည်စလေးတွေ စိုနေတဲ့မျက်ဝန်းကြောင့် ခဏတာ ငေးလိုက်မိတယ်။

My Dear Naughty BabyWhere stories live. Discover now