Part 8

5.6K 403 26
                                    

Zawgyi

ရှောင်ကျန့် -"ဒယ်ရီ ကျန့်ကျန့် ဒါချားပြီးရင် ကချားဝင်း တွားချင်ရယ်။"
(daddyကျန့်ကျန့် ဒါစားပြီးရင် ကစားကွင်း သွားချင်တယ်။)

တစ်မနက်လုံးမြို့အနှံ့လျောက်လည်ပြီး ထမင်းစားနေတဲ့အချိန်မှာ ကျန့်ကျန့်တောင်းဆိုလိုက်တယ်။

မျှော်လင့်ချက်တြွေပည့်နှက်နေတဲ့မျက်လုံးလေးတွေနဲ့တောင်းဆိုနေတာကြောင့် Daddy ကြီးလည်း မငြင်းနိုင်ခဲ့။

ရိပေါ် -"ပြီးရင်လိုက်ပို့မယ် baby ပလုပ်ပလောင်းကြီးနဲ့ စကားမပြောရဘူးလေ။"

ရှောင်ကျန့် -"ဟုတ် daddy ကျန့်ကျန့်တောင်းပန်ပါတယ်။"

ရိပေါ် -"အင်း"

အသားကိုမနည်းဖဲ့နေတဲ့ အဆိုးလေးကြောင့်  အသားတုံးကိုယူပြီးဖဲ့ပေးလိုက်တယ်။

ပါးစပ်မှာအနည်းငယ်ပေနေတဲ့ဆီတွေကိုလက်မလေးနဲ့ဖိသုတ်ပေးလိုက်တဲ့အခါ  ကြောင်ကြည့်နေတဲ့အဆိုးလေး

ခဏတာ ထိလိုက်တဲ့ နှုတ်ခမ်းသားလေးဟာ နူးညံလွန်းလှတယ်။

'ချွင်´

ကျိရန်-"ကျန်းချန် ဘယ်လိုဖြစ်တာလဲ အစာစားနေရင်း ခက်ရင်းပြုတ်ကျရတယ်လို့။"

ကျန်းချန် -"ဟမ် အင်း ဒီ...ဒီလိုပါဘဲ ဟိုဟိုဒီဒီငေးမိသွားလို့။ငါတို့ရဲ့ ရေခဲတုံးကြီးအစစ်မှဟုတ်ရဲ့လားလို့ပါ။"

ကျိရန် -"မင်းကတော့လေထမင်းစားနေတာတောင် ငေးနေသေးတယ်။ဘာလဲ လင်လိုချင်နေတာလား။"

ကျိရန်က ကျန်းချန်ကို​ စနောက်ပြီးပြောလိုက်တော့ ကျန်းချန်လည်း သူ့မူပိုင်အကြည့်နဲ့ မျက်စောင်းထိုးလိုက်တယ်။

ရှီးချန် -"ဒါနဲ့ရိပေါ်  England က နိုင်ငံခြားကုမ္ပဏီခွဲ(၂)ကအခြေအနေ သိပ်မကောင်းဘူးနော်။အဲ့တာ ကော ခနသွားပြီး စစ်ဆေးကြည့်မလို့။"

ရိပေါ် -"ကျွန်တော်လည်း သတိထားမိတယ် ကော။ပြီးတော့ ငွေကြေး ဖောင်းပွမှုတွေလည်းရှိနေတယ်။ကျွန်တော်လည်း မအားသေးတာနဲ့ အဲ့ဘက်ကိုမလှည့်ဖြစ်သေးဘူး။ဒါနဲ့ကောက ဘယ်တော့သွားမှာလဲ။"

My Dear Naughty BabyWhere stories live. Discover now