Zawgyi
ရိပေါ် -"ကျန့်ကျန့် စာကိုသေချာလိုက်လုပ် ပြီးတော့ကျောင်းပြေးတယ်ဆိုတာမျိုးထပ်မဖြစ်စေနဲ့နော် ကြားလား။"
ရှောင်ကျန့် -"ဟုတ်ကဲ့ daddy ကျန့်ကျန့် လိမ္မာပါ့မယ်။"
ရိပေါ် -"ဟုတ်ပါပြီ သွားတော့လေ။"
ရှောင်ကျန့် -"ဟုတ် daddy တာ့တာ"
ရိပေါ် -"အင်း။"
ကျောင်းရှေ့ကနေပြီးတော့ daddyရဲ့ကားလေး ထွက်သွားတာကို မြင်ကွင်းကနေ ပျောက်တဲ့အထိကြည့်နေလိုက်တယ်။
ဟိုတစ်နေ့ကကိစ္စပြီးကတည်းက daddyက ဘာမှအသိမပေးဘဲ လုပ်ချင်တာ လုပ်နေတာကိုမကြိုက်ဘူးတဲ့။
ဒါကြောင့် ကျန့်ကျန့်က အဲ့နောက်ပိုင်းကျောင်းမှာ ဖြစ်လာတဲ့ကိစ္စမှန်သမျှကို daddy ကိုပြန်ပြောပြတော့တယ်။
daddy ထပ်ပြီးစိတ်ဆိုးမှာကို ကျန့်ကျန့်မလိုလားတော့ဘူး။daddy စိတ်ဆိုးရင်ကြောက်စရာကြီး။
ဖန်ရှင်း -"ကျန့်ကျန့် အထဲမဝင်သေးဘဲ ဘာလုပ်နေတာလဲ။ငါမင်းကိုကြည့်နေတာကြာလှရှိနေပြီ။"
ကျန့်ကျန့် -"ဟီး Daddy ပြန်သွားတာကိုကြည့်နေတာ ဖန်ရှင်းရ။"
ဖန်ရှင်း -"လာပါတော့ ကျန့်ကျန့်ရာ သွားမယ်။"
ကျန့်ကျန့် -"ဟွန့် လာခဲ့မယ်။ရှေ့ကသွားနှင့်။"
~~~~~ရိပေါ်လည်း ရှောင်ကျန့်ကိုကျောင်းပို့ပြီး Company ကိုထွက်လာခဲ့လိုက်တယ်။
company ရောက်တော့ အတွင်းရေးမှူး လင်းရှန်ယွဲ့ ကိုခေါ်ပြီး လိုအပ်တာတွေမှာလိုက်တယ်။
'ဒေါက် ဒေါက်´
ရိပေါ် -"ဝင်လာခဲ့။"
ရှန်ယွဲ့ -"သူဌေး။ရွှယ်ယမ် ဆိုတဲ့ လူကတွေ့ခွင့်တောင်းနေပါတယ်။"
ရိပေါ် -"အထဲကိုလွှတ်လိုက်လေ။"
ရွှယ်ယမ်ဆိုတာ ရိပေါ်ဆယ်ကျော်သက်အရွယ်က ဆိုင်ကယ်ပြိုင်တဲ့အခါ တွေ့နေကြဖြစ်တဲ့ အပေါင်းအသင်းတွေထဲက တစ်ယောက်ပေါ့။
မိဘတွေကပြည့်ပြည့်စုံစုံနဲ့ ထားပေးထားတာကြောင့် အနည်းငယ် ဆိုးသွမ်းနေတာကလွဲရင် ပေါင်းရသင်းရအဆင်ပြေပါတယ်။
YOU ARE READING
My Dear Naughty Baby
Fanfictionဖတ်ကြည့်ပါ။ အရေးအသားကျွမ်းကျင်မှုမရှိတာကြောင့် စိတ်အနှောက်အယှက်ဖြစ်သွားရင် sorryပါ။ ကြိုပြီးတော့warningပေးပါတယ်။ နောက်ပိုင်းတွေကျရင်18+တွေပါနိုင်တာကြောင့်အသက်ပြည့်ပြီးမှဖတ်စေချင်ပါတယ်။ ခိုးဖတ်မယ်ဆိုရင်လည်း voteပေးခဲ့😌