Part 11

5.5K 349 15
                                    

Zawgyi

'ကလင် ကလင် ကလင် '

ခေါင်းလောင်းသံလေးရဲ့အဆုံးမှာတော့ စာသင်ခန်းထဲက ကျောင်းသားတွေ ထွက်လာခဲ့ကြတယ်။

ကျန့်ကျန့်လဲ မေးခွန်းစာရွက်လေးကိုင်ပြီး သူ့ရဲ့ daddy wang စောင့်ကြိုနေကြနေရာသို့ လာခဲ့တယ်။

ဒီနေ့က စာမေးပွဲနောက်ဆုံးနေ့ဖြစ်တာကြောင့် ကျန့်ကျန့်တအားကိုပျော်နေတယ်။
တစ်နှစ်လုံး daddy ရဲ့အဆူခံအရိုက်ခံပြီး ကြိုးစားခဲ့သမျှတွေတော့ အကုန်ချပြပြီးပြီ။

အခုချိန်က ကျန့်ကျန့်က daddy နားမှာတစ်နေကုန်နေပြီး အနိုင်ပြန်ကျင့်ရမယ့်အချိန်ဘဲ။အင်းး ဒီနောက်ပိုင်းမှသိလာတယ့်ကျန့်ကျန့်ရဲ့ ရင်ခုန်သံတွေကိုလည်း ပြောပြရအုန်းမယ်။

တွေးနေရင်းနဲ့ဘဲ တွေ့ပါပြီ သူ့ရဲ့ daddyကို ကားမှန်ကိုအနည်းငယ်ချထားပြီး အပြင်ဘက်ကိုကြည့်နေတဲ့ သူ့ရဲ့ daddy

ရှောင်ကျန့် -"ဟီး daddy စောင့်နေရတာ ကြာသွားပြီလားဟင်"

ရိပေါ် -"မကြာသေးပါဘူး baby ရဲ့ ကဲအခြေအနေဘယ်လိုလဲပြောပါအုန်း။"

daddy wang ရဲ့အမေးစကားကြောင့် ကျန့်ကျန့်က ရှိသမျှသွားအကုန်ဖြဲပြီး

ရှောင်ကျန့် -"ဟီးး daddy ကျန့်ကျန့် တစ်ပုဒ်ကျန်ခဲ့တယ်။"

ရိပေါ် -"ဟမ်!!ဘယ်လိုကျန်ခဲ့တာလဲ baby ။"

ရှောင်ကျန့် -"ကျန့်ကျန့် ပယ်ထားတဲ့အပုဒ်မလို့ မဖြေလိုက်ရဘူး ဟီးးး😁"

ရိပေါ် -"baby ကို ကိုယ်ပြောထားတယ်လေကျိရန်ရွေးပေးထားတဲ့အပုဒ်တွေကို မပယ်ဘဲနဲ့ အကုန်ကျက်ပါလို့"

ရှောင်ကျန့် -"ကျန့်ကျန့်က မထင်မှတ်ဘဲ ပယ်မိသွားလို့ပါ daddy ရဲ့"

ရိပေါ် -"ပြီးသွားပြီဆိုတော့ ထားလိုက်ပါတော့။ဒါပေမယ့် အမှတ်ပေါင်း ၄၅၀ မကျော်လို့ကတော့ တုတ်စာမိမယ်နော် babe"

ရှောင်ကျန့် -"ဟင့် daddyကလည်း ပြီးသွားပြီဟာကို ထားလိုက်တော့လေ နော်...နော်"

ရိပေါ် -"အမယ် လူလည်လေး ဘာကိုထားလိုက်ရမှာလဲ စာမေးပွဲမဖြေခင်ကတည်းက daddy ပြောထားတာကို"

My Dear Naughty BabyWhere stories live. Discover now