part(6)

1.3K 131 2
                                    

"ဝေ့ရင်း ဖြေးဖြေးသွား"

ယွင်မုံ့က  ဈေးထဲကို က လေးတစ်ယောက်လိုပြေး ကာ သွားနေတဲ့ ဝေ့ရင်း

"ပါပါး ပါပါး ဟိုမှာ အရုပ်တွေ"

"လာ"

ဝေ့ရင်းက သမီးလေးလက်ကိုဆွဲကာ အရုပ်ဆိုင်တွေ တဆိုင်ဝင်တဆိုင်ထွက် အရုပ်တွေဝယ်ပေးနေသည်

"တော်ပြီ မဝယ်နဲ့တော့"

လန်ကျန့်က ဝင်တားသည်

"ခမည်းတော်ကလည်း"

"လန်ကျန့်က လည်း သမီးစိတ်ကြိုက်ဝယ်ပါစေ"

"ပါပါး ဟိုတခုကောပဲ"

"လန်ရှန်းမင်း!"

လန်ကျန့် ဒီလိုနာမည်အ ပြည့်အစုံခေါ်လိုက်တော့ သမီးက ငြိမ်သွားသည်

"လန်ကျန့် မင်းနော် က လေးကို "

"ခုချက်ချင်းအိမ်ကိုမပြန်ချင်ဘူးဆို အရုပ်တွေဝယ်တာတော်လိုက်တော့"

လန်ကျန့်ရဲ့ ယတိပြတ်စကားကြောင့် သားအဖနှစ်ယောက်လုံး အသံတိတ်သွားရ တော့သည်

ဒါမဲ့ ခနပါပဲ ပြီးတော့ ဗိုက်ဆာလို့ဆိုပြီး ဖက်ထုပ်တွေ တဝကြီးစားနေကျသည်

နေအ တော်မြင့်သည်ထိ စိတ်ကြိုက်လျှောက်လည်ပြီးမှ အိမ်သို့ပြန်လာခဲ့ကျသည်

"အားရှန့်ပြန်လာပြီလား"

"ဟုတ်ရှစ်ကျဲ"

"လာ ရှစ်ကျဲ ကြာစွယ်ဟင်းရည်လေးချက်ထားတာ ပူတုန်းလေးလာစားကျ"

"တကယ်လား လာပြီ လာပြီ"

"လာထိုင် စောနက မှချက်ထားတာ ပူပူလေးသောက်ကျ ရှန်းရှန်း ဒီမှာထိုင် ဒေါ်လေးထည့်ပေးမယ်"

ရှစ်ကျဲက ရှန်းရှန်းကို ခုံပေါ်ထိုင်စေကာ ဟင်းရည် တစ်ပန်းကန်ခပ်ထည့်ပေးလိုက်သည်

"လန်ကျန့် သောက်ကြည့် ရှစ်ကျဲရဲ့ ကြာစွယ်ဟင်းရည်ကတအား သောက်ကောင်းတာ"

လန်ကျန့် သူရှေ့ က ချထားပေးတဲ့ ဟင်းရည်ကိုသောက်ကြည့် တော့ ဝေ့ရင်း ပြောတာအမှန်ပင် တကယ်သောက်ကောင်းတာ

သမီးဆိုလည်းသောက်နေတာခေါင်းတောင်မ ဖော်ဘူး

"ဘယ်လိုလည်းလန်ကျန့် သောက်ကောင်းတယ်မလား"

💕နှလုံးသားလေး အသိဆုံး 💕Where stories live. Discover now