part (2)

1.9K 171 9
                                    

လန်ကျန့်နဲ့ ဝေ့ရင်း လက်ထပ်ထားတာ ငါးနှစ်ပြည့်တော့မယ် ဒီငါးနှစ်အတွင်း လန်ကျန့်က ဝေ့ရင်းကိုချစ်တယ်လို့ တခွန်းမှ မ ပြောဖူးဘူး ဝေ့ရင်းလည်းလန်ကျန့်ကို ချစ်တယ်လို့ တခွန်းမှ မ ပြောဖူးဘူး

သူတို့နှစ်ယောက် လက်ထပ်ဖြစ်လိုက်ရတဲ့အ ကြောင်းအရင်းက လူကြီးတွေ ကြောင့်လည်းမဟုတ်ဘူး  တကယ်ကက ဝေ့ရင်းကြောင့် အသက်၂၀အရွယ် ပျော်ပါးကောင်းတဲ့ ဝေ့ရင်းကြောင့်ပေါ့ ယောက်ျားလေးလည်းဖစ်တယ် လူငယ်ဆိုတော့ အ ပျော်အပါးသိပ်မက်တယ် နဂိုထဲက လည်းလွတ်လွတ်လပ်လပ်နေတတ်သူမို့လည်းပါတာပေါ့ ဝေ့ရင်းကျန်းအိမ်တော်ရဲ့တူတော်မောင်လေးပါ မိဘနှစ်ပါးဆုံးပါးသွားထဲကကျန်းအိမ်တော်က သခင်ကြီး က မွေးစားထားခဲ့တာ ဝေ့ရင်းက ချစ်မွှေးပါတော့လူတိုင်းက ချစ်ကျတယ်

တ နေ့ ဝေ့ရင်းမောင်နှမ ဝမ်းကွဲတွေဖြစ်တဲ့ အမကျန်းယန်လီနဲ့ ညီ ကျန်းချန်တို့နဲ့ ရီလင်က ည ဈေးကို အလည်လာကျတယ် ပွဲတော်ရက်ဖြစ်တာမို့ အင်မတန်စည်ကားခဲ့တယ် အဲ့နေ့က ဝေ့ရင်းအရက်တွေအများကြီး သောက်ခဲ့တယ်  လူတအားများတော့ အမတို့နဲ့ လူစုကွဲသွားခဲ့တယ် အဲ့နောက်ပိုင်း လျှောက်သွားရင်းက အရမ်းအိပ်ချင်လာလို့ တ နေရာရာဝင်အိပ်လိုက်မိတယ် အဲ့ဒီမှာနိုလာတော့ ရေခဲရိုက်မျက်နှာထားနဲ့ လန်ဝမ့်ကျီး ဆိုတဲ့ သူနဲ့တကုတင်ထဲ အတူအိပ်နေမိခဲ့တာ  လန်ဝမ့်ကျီးအကို ဖြစ်သူနဲ့ လန်အိမ်တော်က တခြားသူတွေ ပါဒီမြင်ကွင်းကိုမြင်သွားတော့ နောက်ဆုံး ဝေ့ရင်း အဲ့ဒီရေခဲဘုရင်ကြီးနဲ့ယူလိုက်ရ လေသတည်းပေါ့

လန်ကျန့်နဲ့ ယူပြီးချိန်က စလို့ ဝေ့ရင်း အရင်လိုမလွတ်လပ်တော့ဘူး လန်ကျန့်ကလည်း ဝေ့ရင်းကိုနည်းနည်းလေးတောင်အလိုမလိုက်ဘူး တခါတော့သူဂရုစိုက်ဖူးတယ် အဲ့ဒါ သမီးလေးကိုယ်ဝန်လွယ်ထားရတုန်းက လေ သူတို့ရဲ့မင်္ဂလာဦးညမှာတင် ရေခဲဘုရင်က လက်စွမ်းပြလိုက်တော့ က လေးကချက်ချင်းကိုရ တော့တာ အဲ့တုန်းက တော့ဂရုစိုက်ပါရဲ့ ဒါမဲ့လည်း တာဝန်အရ ဂရုစိုက်တာပါ သူက လူကိုချစ်မှမချစ်ပဲဟာ ဝေ့ရင်းတင်မက ဘူး သူ့သမီးအရင်းခေါက်ခေါက်ကိုတောင် ကြင်ကြင်နာနာမဆက်ဆံဘူး အမြဲအေးတိအေးစက်နဲ့ တကယ့်ကိုဘယ်လိုလူမှန်းကိုမသိဘူး

💕နှလုံးသားလေး အသိဆုံး 💕Where stories live. Discover now