"ခုတော့ဖြစ်ပြီမလား တွေ့ကရာ လျှောက်စားတာကို"
ဝေ့ရင်းဗိုက်ချပ်ချပ်လေးကို ဆေးလူးပေးရင်းလန်ကျန့် ပြောလိုက်သည် ည က ဗိုက်အောင့်လို့ဆိုပြီး တညလုံး ထိုင်ငိုနေတာ လန်ကျန့်မှာ မနိုင်စိန်လေးကို စိတ်ရှည်လက်ရှည်ချော့ရ တယ် ခုလည်း ဆေးလူးပေးနေရသည်
ဝေ့ရင်းက တခုခုဖြစ်ပြီဆို က လေးများလိုအ သေဂျီကျတာ လန်ကျန့် မှာတော်တော်လေးစိတ်ရှည်ရှည်နဲ့ ပြုစုပေးရသည် ဝေ့ရင်းကကျန်တဲ့အချိန်တွေဆို လန်ကျန့်နားမကပ်ပေမဲ့ တခုခုနေထိုင်မ ကောင်းဖြစ်ရင် လန်ကျန့် နားသာကပ်နေတတ်သည်
"အင့် မဆူနဲ့ ငါအခုတကယ်နေလို့မ ကောင်းဘူး "
"တွေ့ရာစားချင်ဦးလေ"
"လန်ကျန့် မင်းနော် မဆူပါနဲ့ဆို"
လန်ကျန့် သက်ပျင်းတချက်ချရင်း ဆေးဆက်လိမ်းပေးနေလိုက်သည် မနက်က ဆေးဆရာခေါ်ပြ တော့ အစားစုံလို့ဖြစ်တာဆိုပြီး လိမ်းဆေးပေးသွားတယ် လေးနာရီခြားတခါလိမ်းပေးရမယ်တဲ့ တခါလိမ်းရင် အသားထဲစိမ့်အောင်လိမ်းပေးရမယ်ဆိုလို့ လိမ်းပေးနေရသည်
"ကဲရပြီ "
အကျီပြန်ဝတ်ပေးပြီး ဝေ့ရင်းကိုကုတင်မှာလှဲ စေလိုက်သည်
"ဒီနေ့ လျှောက်သွားဖို့မစဉ်းစားနဲ့ ငြိမ်ငြိမ်နေ "
"သိပါတယ် ဒီလိုဗိုက်အောင့်နေတာ ဘယ်မှလည်းမသွားနိုင်ဘူး"
ဒါမျိုးကျကတ်ကတ်လန် ပြန်ပြောတတ်တယ်
လန်ကျန့် ဘာစကားမှ ပြောမ နေ တော့ပဲ ထမည်လုပ်တော့
"ဒါဘယ်သွားမလို့လဲ""ငါအလုပ်ရှိသေးတယ် "
"ရှိသေးလည်းငါ့ဘေးမှာနေ"
"ခနပဲ ခနနေပြီးရင်ပြန်လာခဲ့မယ်"
"မရဘူး ငါ့အနားမှာပဲ နေပါဆို"
"ခန လေးပဲသိပ်မကြာဘူး"
"သွား သွား ပြန်မလာနဲ့တော့"
ဝေ့ရင်း ဆောင့်ညီးအောင့်ညီးပြောကာ ဟိုဘက်လှည့်အိပ်လိုက်သည်
လန်ကျန့် သက်ပျင်းတချက်ချပြီး ထွက်လာလိုက်သည်
သူမသွားလို့ မဖြစ်ဘူး လုပ်စရာတွေ တောင်လိုပုံနေတာ ဒါတောင်သူကိုယ်တိုင်မလုပ်ပဲ အကို့ကိုသူလုပ်ခိုင်းမလို့ပါ ဒါမဲ့လုပ်ရမှာတွေ ပြောရဦးမယ်လေ ဝေ့ရင်း တခုခုဖြစ်ရင် သူအနားမှာ ရှိနေမှ ရမယ်မှန်းသိပါတယ် ခန နေရင်သူပြန်လာမှာပါ
YOU ARE READING
💕နှလုံးသားလေး အသိဆုံး 💕
Fanfictionငါမင်းကိုချစ်တာ မင်းသိဖို့မလိုပါဘူး >>လန်ကျန့်>ဝေ့ရင်း<<