🎶ဪ…အမေတို့အညာမှာ
တမာပင်တန်းတွေနဲ့ထန်းပင်ထန်းတောလွမ်းမောစရာပဲ
ရန်ကုန်လူလည် ရန်ကုန်လူလည်🎶မနက်ဖြန်ဆို ဝါတွင်းသုံးလရဲ့ ကနဦးပထမနေ့ဖြစ်တဲ့ ဝါဆိုလပြည့်နေ့ကိုရောက်ရှိလို့လာလေပြီ…။မနက်ဖြန်က ဥပုသ်နေ့ဆိုတော့ ဒီနေ့,ရွာဦးဘုန်းကြီးကျောင်းကနေ လော်စပီကာသံ တညံညံနဲ့ အသံပေးဟစ်ကြွေးနေပြီလေ…။အသံပေးနေတဲ့ သီချင်းလေးက ကျွန်တော့်ဘဝနဲ့တိုက်ဆိုင်လိုက်တာဗျာ။
ဝါဆိုလဆိုတော့ အင်္ဂလိပ်လို ၇လပိုင်းပေါ့…။အရင်နှစ်ကဒီအချိန်ဟာ ကျောင်းတော်ကြီးမှာ သူနဲ့အတူပျော်မြူးနေခဲ့ရတဲ့အချိန်တွေပေါ့…။သီချင်းလေးထဲကအတိုင်း ကျွန်တော်တို့ရဲ့ အညာမြေလေးဟာ တမာပင်တန်းတွေ၊ထန်းပင်၊ထန်းတောလေးတွေနဲ့ သိပ်ကိုလွမ်းမောဖွယ်ရာအတိပါပဲ။ဒီလိုလွမ်းမောတမ်းတဖွယ် အညာဒေသလေးကို သတိမရလောက်နိုင်ခဲ့သည်အထိသူဟာ ကျွန်တော့်ကိုပြုစားနိုင်ခဲ့လွန်းတယ်။သူဆိုတာက ကျွန်တော်တက်ရောက်ပညာသင်ကြားခဲ့ရာ ရန်ကုန်တက္ကသိုလ်ကြီးမှာဆုံတွေ့ခဲ့ရတဲ့ တစ်ခါကကျွန်တော့်ရဲ့ချစ်ရသူကြီးပေါ့။သီချင်းလေးထဲကအတိုင်း သူ့ကိုနာမည်ပေးကင်ပွန်းတပ်လိုက်ရလျှင်ဖြင့် ရန်ကုန်ကလူညာကြီးတစ်ယောက်လို့ ကင်ပွန်းတပ်လိုက်ချင်ပါဘိ…။
🎶ရန်ကုန်မြို့ကြီးကိုတဲ့ ယောင်လည်လည်ရောက်လာခဲ့တယ်။
မျက်လုံးကလေး ကလည်ကလည် မျဉ်းကြားမကူးလို့ ရုတ်တရက်ဖမ်းကာ ဒဏ်ရိုက်ခံရတယ်။
ကားမှားစီးလို့ ရှက်စဖွယ်မျက်နှာငယ် လှောင်ပြုံးခံရတယ်။🎶သီချင်းလေးနဲ့အတူ ကျွန်တော့်ရဲ့ စိတ်အာရုံဝိညဉ်ဟာလည်း လွန်ခဲ့တဲ့လေးနှစ်တာကာလဆီသို့ပေါ့…။ဆယ်တန်းအောင်တဲ့ကျွန်တော့်ကို အဘက မြို့တက်ပြီးကျောင်းထားမယ်ဆိုတော့ သိပ်ပျော်ခဲ့ရတာ။ရွာမှာကလည်း ဆယ်တန်းအောင်တဲ့သူဆိုတာခပ်ရှားရှားမဟုတ်လား။
ကျောင်းတက်ရဖို့ အဘနဲ့အတူရန်ကုန်မြို့ကြီးကို သားအဖနှစ်ယောက်တက်လာခဲ့တယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာမြို့ရဲ့ တောခေါင်တဲ့ဒေသမှာရှိတဲ့ရွာလေးတစ်ရွာကနေ အလွန်ခမ်းနားကြီးကျယ်တဲ့ ရန်ကုန်မြို့ကြီးကိုတက်လာခဲ့တုန်းက သားအဖနှစ်ယောက် ယောင်လည်လည်နဲ့ပေါ့…။
ရွာကလူတွေကတော့အမှာပါးခဲ့သေးတယ်။
အောက်ပြည်အောက်ရွာဆိုတာ လူလိမ်၊လူညာတွေပေါတယ်။ဂရုစိုက်ပြီး သွားကြ၊လာကြဖို့ပေါ့…။ကျွန်တော်ကတော့ ပြန်ဖြေခဲ့ပါတယ်။မကြုံဖူးလို့မယုံပါဘူးလို့ပေါ့…။
![](https://img.wattpad.com/cover/261104143-288-k974932.jpg)
ESTÁS LEYENDO
Historia CortaOneshot လေးတွေပါ။