🎵သံယောဇဉ်နှလုံးသားမှ
မြတ်နိုးတွယ်တာ ချစ်မိတဲ့သူကို
ချစ်မြတ်နိုးရလို့ ကိုကိုခေါ်ချင်လည်း
အများအမြင်မှာ အသက်အရွယ်ချင်းကအရမ်းကွာနေသလို
ဒီလိုပဲခေါ်မယ်...
ဦးကိုကို...ဦးကိုကို
ကျွန်တော်သိပ်ချစ်တဲ့ ကျွန်တော့်ရဲ့ဦးကိုကို🎵ကျွန်တော့်နာမည်က ဝေဟင်မောင်လို့ခေါ်ပါတယ်။
"ဝေဟင်"လုပ်ငန်းစုရဲ့ ဆက်ခံသူပေါ့။
နိုင်ငံခြားမှ စီးပွားရေးပညာမဟာတန်းနဲ့ဘွဲ့ရလာပြီးတဲ့နောက် မြန်မာနိုင်ငံသို့ပြန်ရောက်လာချင်း တခဏမျှတောင်မနားဘဲ ဖေဖေဦးစီးနေသော "ဝေဟင်"လုပ်ငန်းစုမှာ ချက်ချင်းအလုပ်ဝင်ခဲ့တယ်။
ဒါပေမယ့် အလုပ်ကြိုးစားတယ်ဆိုတာ ကျွန်တော့်ပုံစံမှမဟုတ်တာ။
ဘာလို့ချက်ချင်းအလုပ်ဝင်လုပ်ခဲ့ရသလဲဆိုတဲ့ တစ်ခုတည်းသောအကြောင်းပြချက်ကတော့ ကျွန်တော်သိပ်ချစ်ရတဲ့ လူသားတစ်ဦးကြောင့်ပေါ့။သူကတော့ ဖေဖေ့ရဲ့အတွင်းရေးမှူး "ဦးကောင်းကင်ကို"တဲ့။
ကျွန်တော်ခေါ်နေကျ ဦးကိုကိုဆိုတဲ့လူသားလေးပေါ့။ဦးကိုကိုက လူကောင်သေးပေမယ့် အသက်အရွယ်အရလို့ပြောရမလား ရင့်ကျက်တယ်။တည်ငြိမ်တယ်။အဲ့တာလေးကိုက ဦးကိုကို,ကို ကျွန်တော်ချစ်မိတဲ့အချက်တစ်ချက်ပေါ့။
တစ်ခါတလေကျပြန်တော့လည်း ဦးကိုကိုက ကလေးလေးတစ်ယောက်လို ဆူပုတ်ပြီးပြုမူတတ်သေးတာ။အဲ့လိုများပြုမူလိုက်ရင် ကျွန်တော့်မှာ အသည်းယားလွန်းလို့ ဦးကိုကိုရဲ့ပါးနုနုလေးတွေကို ဖျစ်ညစ်မိသည်အထိပါပဲ။အခုလည်း ည၇နာရီအချိန်ထိ ဧည့်ခန်းထဲမှာ ဖေဖေနဲ့အလုပ်အကြောင်းပြောလို့မပြီးနိုင်သေးဘူးလေ။ဒါ့ကြောင့် ဦးကိုကိုအတွက် ကျွန်တော်စောင်းမြောင်းသီဆိုလေ့ရှိတဲ့ "ဦးကိုကို"ဆိုတဲ့သီချင်းလေးကို အိမ်ရှေ့ဒန်းလေးပေါ်ကနေ သီဆိုနေလိုက်တယ်။
သေချာပါတယ်။ဦးကိုကိုဆီက ကျွန်တော်သိပ်အသည်းယားရတဲ့ နဂါးမျက်စောင်းလေးတွေထုတ်လွှတ်နေလိမ့်မယ်ဆိုတာ...။ဦးကိုကိုနဲ့ပထမဦးဆုံးစတွေ့ဖူးတဲ့အချိန်ကပေါ့...
USမှာပညာသင်ကြားပြီလို့ အမိမြန်မာနိုင်ငံသို့ပြန်လာတဲ့ ကျွန်တော့်ကို ဖေဖေက သူ့အတွင်းရေးမှူးဦးကောင်းကင်ကိုအား လေဆိပ်သို့လာကြိုစေသည်။နက်ပြာရောင်Suitအပြည့်နဲ့ အချည်းလူသားလေးအား အဝေးမှပင် လှမ်း၍သတိပြုမိသည်အထိ။
ကျွန်တော်ကိုယ်တိုင်ကပဲ သူ့ကိုစကားသွားပြောမယ်လို့ကြံရွယ်ထားခဲ့ပေမယ့် တကယ်တမ်းတော့ သူကကျွန်တော့်ကို စကားစပြောလာခဲ့တယ်။
ESTÁS LEYENDO
Historia CortaOneshot လေးတွေပါ။