တူးခေါင်

119 20 0
                                    

🎼အိုး…လေ…လေ…အိုး…ဝမ်…ဝမ်…

 အိုး…လေ…လေ…အိုး…ဝမ်…ဝမ်…

 ကချင်မြေကိုလာပါ တကယ်ပျော်တယ်နော်

 ကချင်မြေကိုလာပါ တကယ်ပျော်တယ်နော်🎼

ရန်ကုန်တက္ကသိုလ်၊အင်္ဂလိပ်စာမေဂျာ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ၌ဖြစ်သည်။

စင်မြင့်ပေါ်ထက်ဝယ် ကချင်တိုင်းရင်းသားဝတ်စုံများနှင့်အကအဖွဲ့သည် သီချင်းနှင့်လိုက်လျောညီ‌ထွေစွာ မနောအက,ကခုန်လျက်ရှိသည်။

ထို့အတူ ကျွန်တော့်ရဲ့စိတ်အာရုံများသည်လည်း အတိတ်တစ်ချိန်သို့ လွင့်လူးကခုန်ပျံသန်းလျက်…

လွန်ခဲ့တဲ့၄နှစ်တာကာလခန့်ကပေါ့…

အစိုးရဝန်ထမ်းဖြစ်တဲ့ဖေဖေ့ကြောင့် ကျွန်တော်တို့မိသားစု ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့သို့ ပြောင်းရွှေ့ဖြစ်ခဲ့တယ်။ထိုအချိန်က ကျွန်တော်ဟာ နဝမတန်းကျောင်းသားလေးပေါ့…။

အခုတော့ ကျွန်တော်ဟာ တက္ကသိုလ်ဒုတိယနှစ်ကျောင်းသားကြီးတောင်ဖြစ်နေပြီလေ။

ကျွန်တော့်အကြောင်းကို အကျဉ်းချုပ်ပြောပြရမယ်ဆိုလျှင်ဖြင့် ကျွန်တော်က အပေါင်းအသင်းသိပ်မရှိတဲ့ သီးသန့်ဆန်လူသားတစ်ဦးလို့ဆိုရမယ်။ပညာရေးကိုအားပေးလိုက်စားသောမိသားစုဝန်းကျင်မှာ ကြီးပြင်းလာခဲ့ရတဲ့ကျွန်တော့်အဖို့ အားသည့်အချိန်ဟူ၍ မယ်မယ်ရရမရှိ။အချိန်ပြည့် စာလုပ်၍သာနေရသည်မို့ ပညာရေးဘက်မှာထူးချွန်ပေမယ့် ပေါင်းသင်းဆက်ဆံရေးဘက်တွင်တော့ တဖြေးဖြေးအားနည်း၍လာခဲ့သည်။သူငယ်ချင်းအပေါင်းအသင်းဆိုတာကလည်း ရွှေထက်ရှားတဲ့အဖြစ်ပေါ့။ဒါ့ကြောင့် သီးသန့်ဆန်တဲ့ကျွန်တော့်ကို ကျောင်းကလူတွေက နာမည်ပေးထားကြတယ်။ဘဝင်ရူးကောင်တဲ့။ဒီလို ဘဝင်ရူး,ရူးနေတဲ့ကျွန်တော့်ကို ကပ်သပ်ပြီးအပေါင်းအသင်းလုပ်ပေးခဲ့တဲ့သူလေးတစ်ယောက် ကျွန်တော့်မှာရှိခဲ့ဖူးတယ်။

သူလေးကတော့ ကျွန်တော်တို့ပြောင်းရွှေ့ခဲ့ရာနေအိမ်ရဲ့ဘေးအိမ်ကကောင်လေးတစ်ယောက်ပါ။

ချင်းတွင်းသက်သေနှင့်အခြားဝတ္ထုတိုများ(ချင်းတွင်းသက်သေနှင့်အခြားဝတ္ထုတိုများ)Onde histórias criam vida. Descubra agora