Part 13😁

6K 280 5
                                    

ရိပေါ်လဲအိပ်ပျော်သွားတာကြောင့်နိုးလာတဲ့အချိန်မှာ  မနက်10နာရီပင်ရှိနေပြီ......

ဒီနေ့ကျန့်ကိုဟန်းနီးမွန်းဘယ်ကိုသွားချင်လဲမေးမှာမို့အတွေးနဲ့တင်ပျော်နေရသည်။
သူလဲမျက်နှာသစ်ရေမိုးချိုးပြီးအဝတ်အစားလဲပြီးအောက်ဆင်းလာခဲ့သည်....

"ကျန့်ရေ...ကလေးလေး😁....

သူဘယ်လောက်ခေါ်ခေါ်ထူးသံမကြားသည့်အတွက်စိတ်ပူပြီးတအိမ်လုံးအနှံလိုက်ရှာနေသည်။

"ဒေါ်ကြီးရေ...lili
"သားရိပေါ်ဘာဖြစ်လို့လဲ.....
"ကျန့်ဘယ်မှာလဲ....
"အဲ့တာသခင်လေးအခန်းထဲမှာပဲရှိမှာပေါ့..အဟင်း😁....
"မဟုတ်ဘူးဗျ..ရှာတာလဲနှံ့နေပြီ..မတွေ့ဘူး...
"ဟင်..ဘယ်လိုဖြစ်တာလဲ....

တီတီ
"ဟယ်လိုဒယ်ဒီ..
"သားရိပေါ်ကျန့်လေးမေ့ဆေ့ရှ်ပို့တယ်..သူဒီကနေထွက်သွားပြီတဲ့..ဘယ်လိုဖြစ်ရတာလဲ...ကျန့်လေးကိုဘာလုပ်လို့လဲ....
"ဗျာ..!!!

ရိပေါ်လဲရင်ထဲကအောင့်လာပြီး...

"ဒါ..ဒါဘယ်လိုခံစားချက်ကြီးလဲ..ကျန့်မင်းဘာလို့များခုလိုလုပ်ရတာလဲကွာ...
..............................

ကျန့်လဲငိုယိုပြီးထွက်လာခဲ့သည်။ဘော်ဒီဂတ်တွေကသီးသန့်မို့သူခြံစောင်းဉီးလေးကြီးကိုအလုပ်ခိုင်းပြီးထွက်လာလို့ရခဲ့ခြင်းပင်......

"ငါဘယ်ကိုသွားရမာလဲ..အီးဟီး...ကျန့်အရမ်းပင်ပန်းနေပြီ..ကိုကိုကတော့ပျော်နေမာပဲ..လိုက်ရှာဖို့ကိုမမျှော်လင့်တော့ပါဘူး......

သူလဲလမ်းပေါ်လျှောက်သွားနေတုန်းကားတစီးလာတာမြင်ပေမဲ့မရှောင်မိ...ကားကနီးလာတော့သူလဲရင်တေတုန်ပြီးမေ့လဲသွားတော့သည်။

"ဟာ..ဟေ့ကလေး...

ယန်းလီမှာဇီရွှမ်းကဖွင့်ပြောလာသဖြင့်အပျော်တေရင်ခုန်တာတေနဲ့ကားမောင်းနေတုန်းရှေ့ကကလေးကမရှောင်ပဲမေ့လဲသွားတာမို့အမြန်ဆင်းလာပြီး..ဆေးရုံပို့ရသည်။

......
"အရမ်းလန့်ပြီးမေ့လဲတာပါ..ပြင်ပထိခိုက်ဒဏ်ရာတော့မရှိပါဘူး...
"ဟုတ်..ကျေးဇူးပါဒေါက်တာ....

ကျန့်သတိရလာတော့....
"ဟေ့ကလေးလေးသတိရလာပြီလား...
"ကျန့်ကျန့်ဘယ်ရောက်နေတာလဲဟင်...
"အော်..ကလေးလေးကကျဲရဲ့ကားရှေ့ဝင်လာလို့ရှော့ဖြစ်ပြီးမေ့လဲတာ.....
"ဟုတ်....
"အ့ဆိုကလေးရဲ့အိမ်ကိုကျဲလိုက်ပို့ပေးမယ်လေ...
"ကျန့်ကျန့်မပြန်ချင်ဘူး..နေစရာလဲမရှိဘူး..
"ဟင်..ဘယ်လို..အ့ဆိုကလေးကဘယ်မှာနေမလို့လဲ...
"ကျန့်ကျန့်မသိတော့ပါဘူးကျဲရယ်.ဟင့်..
"အ့ဆိုဒီလိုလုပ်လေ..ကျဲကအေးဆေးနေဖို့တောလိုနေရာလေးမှာအိမ်လေးဝယ်ထားတယ်..အဲ့မှာအရမ်းအေးချမ်းတာ..ဒါမဲ့ကျဲကအလုပ်တဖက်နဲ့မို့ကွန်ဒိုမှာပဲနေရတာ..ကလေးအဲ့မှာနေချင်နေလေ....
"တကယ်လားဟင်..ဟင့်..ကျန့်လို့သူစိမ်းကိုကူညီတဲ့အတွက်ကျဲကိုကျေးဇူးတင်ပါတယ်....
"ရပါတယ်ကွယ်..ဒီကိစ္စကျဲကြောင့်ဖစ်တာပဲလေ..ခုကစပြီးကလေးကကျဲရဲ့မောင်လေးပဲ..တကယ်တော့ကျဲမှာမောင်လေးတယောက်ရှိခဲ့ဖူးတယ်..သူကလဲကလေးလိုပဲမှဲ့ကလေးရယ်ယုန်သွားလေးရယ်ရှိတယ်........
"ဟုတ်..ဟီး..
"အမလေးကျဲမောင်လေးကချစ်ဖို့ကောင်းတာ....ဒါနဲ့နာမည်လေးက...
"ဟို...Zyanပါ...
"ဟင်..တလုံးတည်းလား...
"ဟုတ်
"အေးပါကွယ်.....

မင်းဖြစ်နေလို့(မင်းမို့လို့)(completed)Where stories live. Discover now