07 ( Zawgyi)

3.8K 251 1
                                    

သိပ်မကြာခင်မှာပဲ မိုးရာသီကုန်ဆုံးလို့ ဆောင်းဦးတောင်ဝင်တော့မယ်။ အတန်းကြီးတွေရဲ့ ပနှစ်ဝက်စာမေးပွဲဟာလည်း နီးကပ်လာပြီဖြစ်တယ်။ ဆရာဆရာမတွေဟာလည်း အားကစားချိန်ကလွှဲလို့ ကျန်တဲ့ရသချိန်တွေမှာပါ တစ်ယောက်နဲ့တစ်ယောက် အလုအယက် စာသင်နေကြပြီ။

ညနေကျောင်းဆင်းချိန်ဟာ အရင်နေ့တွေကထက် မှောင်ရိပ်သန်းလို့နေတယ်။ ဝမ်ရိပေါ်တို့အတန်းဟာ ဘိုရှန့်တို့နောက်မှ လွှတ်တဲ့အတွက် ရှစ်ရွှန်းတို့ဟာ အမြဲတမ်း ကျောင်းပေါက်ဝမှာ စောင့်နေလေ့ရှိကြတယ်။

တစ်ခြားနေ့တွေလိုပါပဲ....။ ဝမ်ရိပေါ်ဟာ ရှောင်းကျန့် အိမ်ပြန်မလာခင်အထိ အွန်လိုင်းဂိမ်းတစ်ခုခုကို ဆော့ရင်းစောင့်နေမယ်။ ရှောင်းကျန့် နောက်ကျရတာကလည်း ကျောင်းတံခါးတွေကို စစ်ဆေးပြီး လူရှင်းတဲ့အထိ စောင့်နေရတာကြောင့်ဖြစ်တယ်။

"ဗိုက်ဆာနေပြီလား"

ဖိနပ်ချွတ်လို့ ဧည့်ခန်းရှေ့ကနေ မီးဖိုခန်းထဲဝင်သွားတဲ့တစ်လျှောက် ရှောင်းကျန့်က မေးလာတယ်။ ကြွပ်ကြွပ်အိတ်နဲ့ထုတ်ထားပုံရတဲ့အစားအစာတစ်ခုကို ပန်းကန်တစ်ခုထဲ အထုတ်လိုက်ထည့်ပြီးတဲ့နောက် ဘေစင်မှာပဲ လက်ဆေးနေတယ်။

"ဟင့်အင်း"

ဂိမ်းဆော့နေတာကိုလည်း အာရုံမပျက်ဘဲ ဝမ်ရိပေါ်က ဖြေလာတယ်။ ဆိုဖာပေါ်မှာ တင်ပျဉ်ခွေထိုင်လို့ ဖုန်းမျက်နှာပြင်ကို အသည်းအသန်ကြည့်နေတဲ့ ဝမ်ရိပေါ်ကို ရှောင်းကျန့်က တစ်ချက်လှမ်းကြည့်လာတယ်။

"အဲ့လောက် ကပ်ပြီးမကြည့်နဲ့"

ဆိုဖာနားကနေ လျှောက်သွားတဲ့အချိန်မှာ ရှောင်းကျန့်ဟာ ဝမ်ရိပေါ်ရဲ့ခေါင်းကိုတစ်ချက်ဖွလို့ ဖြတ်သွားတယ်။ အခုမှ ဆေးလာတဲ့ဆပ်ပြာဟာ သံပုရာနံ့ လတ်လတ်ဆတ်ဆတ်ရနေသေးတယ်။ ရှောင်းကျန့်ရဲ့ပြောစကားနောက်မှာ ဝမ်ရိပေါ်ဟာလည်း ဖုန်းကို ဆိုဖာပေါ် ပစ်တင်လိုက်ပြီဖြစ်တယ်။

ရှောင်းကျန့်ရဲ့စကားကို နားထောင်တာမျိုးမဟုတ်ဘဲ သူကိုယ်၌ကလည်း ဂိမ်းရှုံးသွားတာကြောင့်ဖြစ်တယ်။ ဆိုဖာပေါ်ကနေ ထလိုက်ပြီး ရှောင်းကျန့်ဝယ်လာပုံရတဲ့ အထုတ်ကို ပန်းကန်ထဲ ထည့်လိုက်တယ်။ နောက်ပြီး အဆင်သင့်ချက်ထားတဲ့ ထမင်းပေါင်းအိုးထဲကနေ နှစ်ယောက်စာ ခူးထည့်နေလိုက်တယ်။

You had me at "Hello"Nơi câu chuyện tồn tại. Hãy khám phá bây giờ