စစ်ပွဲကြီး မကြာခင်အချိန်မှာပဲ ပြီးဆုံးတော့မယ်လို့ သတင်းတွေထွက်နေတယ်။ ဒါပေမဲ့လည်း ဒေသခံတွေဟာ မြို့ကိုရှောင်တိမ်းပြီး တောအုပ်ရှိရာဆီ ပြောင်းရွှေ့နေကြတုန်းပဲ။
နောက်ထပ်သတင်းတွေကြားနေတာကတော့ မြို့ပြကို ဗုံးကြဲမယ်လို့ ပြောနေကြတာပဲ။ ဒါဟာ ပြည်သူတွေကြား ပျံ့နေတဲ့အောက်သတင်းသာဖြစ်တယ်။
ရှောင်းကျန့်တို့ကိုယ်တိုင်ကလည်း ပြောင်းရွှေ့ရေးတွေမှာ တတ်နိုင်သလောက် ကူညီပေးဖြစ်နေတယ်။
ဝမ်ရိပေါ်ဟာ အဝတ်အိတ်အထုပ်ကြီးတစ်ထုပ်ကို ကျောမှာ စလွယ်သိုင်းလွယ်ထားပြီး လက်တစ်ဖက်မှာလည်း ထင်းချောင်းတစ်စည်းကို ပိုက်လို့သယ်ထားတယ်။
"ဦးဦးဆီ လာခဲ့"
အသံကြောင့် ဝမ်ရိပေါ်က အနောက်ဘက်ကို တစ်ချက်လှည့်ကြည့်လိုက်တယ်။ စစ်ဘေးရှောင်တွေကြားထဲ ရှောင်းကျန့်နဲ့ကလေးမလေးတစ်ယောက်ကို တွေ့လိုက်ရတယ်။
တောင်ကုန်းအလျှောတစ်ခုမှာ ရှောင်းကျန့်က အောက်မှနေပြီး ကလေးမလေးကို လက်ဆန့်တန်းလို့ခေါ်နေတယ်။ ကျောမှာလည်း အထုတ်တစ်ထုတ်ကို လွယ်ထားသေးတယ်။
တောင်စောင်းက မတ်နေတာမို့ ကလေးမလေးက ရှောင်းကျန့်ဆီသွားဖို့ကို ကြောက်ရွံ့နေတာဖြစ်တယ်။
"လာပါ ၊ မကြောက်ပါနဲ့ ၊ ဦးဦး ဖမ်းထားပေးမယ်"
ရှောင်းကျန့်ဟာ လက်တွေကို ပွင့်ကားထားပြီး ကလေးမလေးကို မြူနေတယ်။ ဝမ်ရိပေါ်က တစ်ချက်ငြိမ်ကြည့်နေသေးတယ်။ နောက်တော့ မျက်မှောင်တွေကို တစ်ချက်ကြုံ့လိုက်ပြီး ရှောင်းကျန့်ရှိရာဆီ လျှောက်သွားတော့တာပဲ။
"ဗိုလ်ကြီး"
ဝမ်ရိပေါ်ရဲ့ခေါ်သံကြောင့် ရှောင်းကျန့်က လှည့်ကြည့်လာတယ်။ ခြေတစ်ဖက်က တောင်စောင်းပေါ်မှာ တင်ထားပြီး လက်နှစ်ဖက်ကို ကားထားတဲ့ပုံက နည်းနည်းကယောင်ကယက်နဲ့။
ရှောင်းကျန့်လက်ထဲကို ထင်းချောင်းတစ်စည်း ပြောင်းထည့်ပြီးတာနဲ့ ဝမ်ရိပေါ်က တောင်စောင်းပေါ်တက်လိုက်ပြီး ကလေးမလေးကို ပွေ့ချီလိုက်တယ်။ ပြီးတာနဲ့ လူတန်းတွေရှိရာဆီ ပြန်လျှောက်သွားတယ်။
YOU ARE READING
You had me at "Hello"
Fanfiction"ဘာလို့လဲ" "မသိဘူး...ငါ့သားနဲ့တူလို့နေမှာပေါ့" "ဘာလို့လဲ" "မသိဘူး...ငါ့သားနဲ့တူလို့နေမှာပေါ့" Start Date - January 10,2020 End Date - July 11,2021