13

7.2K 1K 27
                                    

"မြန်မြန်တန်းစီမယ်..."

တပ်ကြပ်တစ်ယောက်လှမ်းအော်လိုက်တဲ့အချိန်မှာပဲ ဝမ်ရိပေါ်ဟာလည်း လူတန်းနောက်မှာ ရပ်လိုက်တယ်။ ဘာလုပ်လုပ် အုပ်စုဖွဲ့လုပ်ရတာက တပ်ရဲ့အထာတစ်ခုပဲ။ အခုလည်း မနက်စာစားဖို့အတွက် ကန်တင်းထဲသွားဖို့ကို အရင်တန်းစီနေရတယ်။

အစားအစာတွေထည့်ထားတဲ့ဗန်းရှေ့ လျှောက်နေရင်းနဲ့လည်း ကိုယ့်တစ်ယောက်ဖူလုံလောက်ရုံပဲ ထည့်နေမိတယ်။ နေလာတဲ့တစ်လအတွင်း နည်းနည်းလည်း နေသားကျလာပြီ။ ရောက်ရောက်ချင်းတုန်းကဆို ဆန်သားက ကြမ်းလွန်းတဲ့အတွက် သူ မစားနိုင်ခဲ့ဘူး။

ပုံစံခွက်ထဲ ဟင်းအမယ်တွေထည့်ပြီးလို့ စားပွဲမှာ ဝင်ထိုင်လိုက်တဲ့အချိန် နံရံမှာကပ်ထားတဲ့နာရီကို တစ်ချက်မော့ကြည့်လိုက်တယ်။ နံနက်ခြောက်နာရီခွဲဟာ မနက်စာစားဖို့အတွက် စောလွန်းနေတယ်လို့ထင်နိုင်တယ်။

ဒါပင်မဲ့ မနက်လေးနာရီလောက်ထပြီး ကွင်းကို အပတ်ငါးဆယ်လောက်ပြေးခဲ့ရတဲ့သူတို့အနေနဲ့ ဗိုက်ဆာဖို့အတွက် လုံလောက်နေပြီမလား။ အကျင့်တစ်ခုလို ဖြစ်သွားတာကြောင့်လားမသိပင်မဲ့ လှုပ်လှုပ်ရှားရှားမရှိတဲ့ရက်တွေမှာတောင် ဒီအချိန်လောက်ဆို ဗိုက်ဆာနေတတ်ပြီ။

သူ့အနေနဲ့ ရှောင်းကျန့်ကိုတောင် သတိရမိသွားတယ်။ ဆစ်ဒနေမှာတုန်းက ရှောင်းကျန့်ဟာ သူ့ကို မနက်ခြောက်နာရီခွဲမှာ မနက်စာစားဖို့အတွက် အတင်းနိုးခဲ့တယ်။ အဲ့တုန်းကဆို သူ ရှောင်းကျန့်ကို နည်းနည်းစိတ်ကွက်ခဲ့မိတယ်။ ဒီလူကြီးတွေဘာတွေနဲ့ ကိုင်တုတ်ပြောမိတဲ့အထိ။

အခုမှ နည်းနည်းကိုယ်ချင်းစာမိသွားတယ်။ ရှောင်းကျန့်က လူ့ခွစာဖြစ်နေတာမဟုတ်ဘဲ နေလာခဲ့ရတဲ့အလေ့အကျင့်တွေကြောင့် သာမန်လူတွေကြား လူ့ခွစာဖြစ်နေခဲ့တာဖြစ်တယ်။

နံရံမှာတပ်ထားတဲ့စပီကာကနေ ခရာသံလိုမျိုး ညာသံထွက်လာပြီးတဲ့နောက်မှာတော့ စားပွဲမှာထိုင်နေတဲ့ကျောင်းသားတွေ အကုန်လုံးဟာ ခန္ဓာကိုယ်ကိုမတ်မတ်ထိုင်လို့ ထမင်းပန်းကန်အစွန်းကို လက်နှစ်ဖက်နဲ့ကိုင်ထားပြီး ရွတ်ဆိုနေကြသန္တိဌာန်ကို အသံနေအသံထားနဲ့အတူ သံပြိုင်အော်ရတယ်။

You had me at "Hello"Where stories live. Discover now