ဝမ်ရိပေါ်ရဲ့မျက်ဝန်းအိမ်တွေက တုန်လှုပ်နေတယ်။ ရှောင်းကျန့်ရဲ့အကြည့်ကို ချက်ချင်းပဲလွှဲလိုက်တယ်။ ဒါပေမဲ့ ရှောင်းကျန့်ဗိုက်ပေါ်က လက်တွေကိုတော့ မဖယ်ပေးသေးဘူး။ ခေါင်းကိုငုံ့လိုက်ပြီး တစ်စုံတစ်ခုကို စဥ်းစားနေပုံပေါ်တယ်။
"ဟင့်အင်း"
ဝမ်ရိပေါ်ရဲ့ခေါင်းဟာ ပြန်မော့လာခဲ့ပြီး ဆုံဖြတ်ချက်တစ်ခုကို ချပြီးသွားတဲ့ပုံနဲ့ ရှောင်းကျန့်ကို စူးစိုက်လို့ကြည့်လာခဲ့တယ်။
"ကျွန်တော် ခင်များကို မ...ထား...ခဲ့...နိုင်...ဘူး"
တစ်ဖက်ကရန်သူတွေဟာ ရှောင်းကျန့်တို့အဖွဲ့ဝင်တွေ တပ်ဆုတ်သွားမှန်းသိတဲ့အခါ ညှာသံပေးပြီး ရှေ့တက်လာခဲ့ကြတယ်။ ဝမ်ရိပေါ်ဟာ တစ်ဖက်ကို လှမ်းကြည့်လိုက်တယ်။ ပြီးတော့ ရှောင်းကျန့်ကို ဆွဲထူမလိုက်ပြီး ပခုံးတစ်ဖက်ကနေ သိုင်းဖက်လိုက်တယ်။
မသွားခင်အချိန်လေးမှာ ဝမ်ရိပေါ်ဟာ သူ့ရဲ့အိတ်ကပ်ထဲကနေ မီးခိုးငွေ့ဗုံးကို ပစ်လိုက်ပြီး ခြေရာဖျောက်လိုက်တယ်။ ဗုံးတွေကိုတော့ တမင်တကာကိုပဲ ဒီအတိုင်းထားပစ်ခဲ့တယ်။
"ကျွန်တော့်ကို ယုံတယ်မလား...ဟမ်"
ရှောင်းကျန့်က သူ့ကိုသိုင်းဖက်ထားတဲ့ဝမ်ရိပေါ်ကို မော့ကြည့်လာတယ်။ ဒါပေမဲ့ ဘာမှပြန်မပြောလာခဲ့ဘူး။ ရှောင်းကျန့်ဟာ သူ့ရဲ့ဒဏ်ရာကို လက်တစ်ဖက်နဲ့ ခပ်တင်းတင်းဖိထားရပြီး ဒဏ်ရာအရှိန်ကြောင့်လည်း ချွေးစေးတွေက ထွက်နေသေးတယ်။
"အင်း...."
ဝမ်ရိပေါ်ဟာ ရှောင်းကျန့်နဲ့အတူ တိုက်တစ်တိုက်ထဲ ဝင်ခိုလိုက်တယ်။ မီးခိုးငွေ့တွေ ပြယ်သွားတဲ့အခါ တစ်ဖက်ရန်သူတွေဖက်က ရှောင်းကျန့်တို့ရဲ့ခံတပ်အနားကို ချဥ်းကပ်လာကြတယ်။ ဝမ်ရိပေါ်တို့နဲ့ဆို အများဆုံး ဆယ်ကိုက်လောက်ပဲ ဝေးတယ်။
ဝမ်ရိပေါ်ဟာ သူ့ရဲ့သေနတ်ကို အနီးကြည့်မှန်ပြောင်းတပ်လိုက်ပြီး ရန်သူဖက်ကို ချိန်ထားလိုက်တယ်။ တစ်ဖက်က ခံတပ်ဖက်ကို ခြေတစ်လှမ်းချလိုက်တာနဲ့တစ်ပြိုင်နက် Moရဲ့ဘေးနားမှာ ကျန်နေခဲ့တဲ့လက်ပစ်ဗုံးတွေဆီကို ပစ်မှတ်ချိန်ရွယ်ပြီး ပစ်လိုက်တော့တယ်။
YOU ARE READING
You had me at "Hello"
Fanfiction"ဘာလို့လဲ" "မသိဘူး...ငါ့သားနဲ့တူလို့နေမှာပေါ့" "ဘာလို့လဲ" "မသိဘူး...ငါ့သားနဲ့တူလို့နေမှာပေါ့" Start Date - January 10,2020 End Date - July 11,2021