10

7.8K 1K 18
                                    

ခရစ်စမတ်ကိုကျော်လို့ ဗယ်လင်တိုင်းတောင် ရောက်ခါနီးပြီ။

ဝမ်ရိပေါ်ရဲ့စိတ်အခြေအနေဟာလည်း တစ်နေ့တည်းမှာပဲ ပြန်လည်ဆွဲတင်နိုင်ခဲ့တယ်။ မေ့ပျောက်သွားပြီဖြစ်တဲ့အရာကို နေ့လေးတစ်နေ့ မှတ်မိနေရုံနဲ့ ပြန်သတိရသွားတတ်တာမျိုးက ဖြစ်တတ်ပါတယ်။

ဆောင်းရာသီကျောင်းပိတ်ရက်ရှည်ကြီးပြီးတဲ့အခါ ဝမ်ရိပေါ်တို့ဟာလည်း ကျောင်းတက်စရာမလိုတော့ဘူး။ ကိုယ်ပိုင်စာကြည့်ချိန်ကို အလုံအလောက်ရှိစေဖို့အတွက် အစိုးရက သဘောထားကြီးကြီးနဲ့ ခွင့်ပေးလိုက်တာဖြစ်တယ်။

ကျောင်းမတက်ရတော့ပင်မဲ့ ဘိုရှန့်တို့နဲ့တော့ ညနေတိုင်း တိုက်ခန်းမှာ တွေ့ဖြစ်နေကြ။ ဒီနေ့ကတော့ နည်းနည်းထူးခြားတယ်။ ကျောင်းမှာ စာမေးပွဲဝင်ခွင့်ကတ်ပြားကို သွားယူရမှာ ပြီးတော့ တရုတ်နိုင်ငံရဲ့အဖြူရောင်နေ့လေး တစ်နည်းအားဖြင့် White Valentine Day။

ကိုယ့်သက်ဆိုင်ရာ စာသင်ခန်းကနေ ကတ်ပြားတွေ ထုတ်လာကြပြီး စုရပ်နေရာကိုပြန်ရောက်ကြတဲ့အခါ ဝမ်ရိပေါ်ရဲ့လက်ထဲမှာတော့ ချောကလက်တွေ အပြည့်ပါလာခဲ့ပြီ။

"ဒီနေ့တော့ မလာတော့ဘူးကွာ"

"အေး....ပင်ပန်းတယ်"

နေ့စဥ်ရက်ဆက်နီးပါး အိမ်မှာပဲ အောင်းထားတဲ့အခါ အပြင်လေးထွက်ဖို့ ဒါမှမဟုတ် ကျောင်းလေးလာဖို့ မနက်စောစောထ ပြင်ဆင်ရတာကိုတောင် ခန္ဓာကိုယ်က ပင်ပန်းတယ်ဆိုပြီး အချက်ပြတတ်တယ်။

"အင်း"

ဘိုရှန့်နဲ့ရှစ်ရွှင်းက အမြဲအတိုင်အဖောက်ညီတယ်။ ရှေ့လူပြောသွားတဲ့စကားကို နောက်လူက ဟာကွက်မရှိအောင် ထိန်းပြောနိုင်တယ်။ ချန်းလျဲ့ကတော့ ခေါင်းတငြိမ့်ငြိမ့်။

"သွားပြီ"

လက်ပြနှုတ်ဆက်သွားတဲ့ချန်းလျဲ့ကို ခေါင်းဆတ်ပြလို့ တိုက်ခန်းဘက်သာ လျှောက်ခဲ့လိုက်တော့တယ်။ လက်ထဲမှာ ကိုင်ထားတဲ့ချောကလက်တွေက ရှော့ပင်းဘတ်တစ်အိတ်စာအပြည့်ဖြစ်တယ်။ ရုပ်တည်တည်ကြီးနဲ့ ချောကလက်တွေ သယ်ရတာ မနိုင်မနင်းဖြစ်နေတဲ့ဝမ်ရိပေါ်ကို ဆရာတစ်ယောက်က သနားလို့ သူ့အိတ်ကို ပေးလိုက်တာဖြစ်တယ်။

You had me at "Hello"Where stories live. Discover now