17

7.2K 1K 37
                                    

အတန်းသစ်မှာ ဝမ်ရိပေါ်တို့တွေဟာ လေးယောက်တစ်ခန်း မနေရတော့ဘဲ ဟောလိုခန်းမကြီးထဲမှာ တစ်ဘက်ကို ကုတင်နှစ်ဆယ်စီထားလို့ စုနေကြရတော့တယ်။ ကုတင်တစ်လုံးနဲ့တစ်လုံးကြား အကျယ်အဝန်းဟာ သုံးပေသာသာပဲရှိတယ်။

စကားပြောသံတွေ ဆူညံနေတဲ့ အခန်းကျယ်ထဲ ဝမ်ရိပေါ်ဟာ အဝတ်အစားတွေကို သူ့ကိုယ်တာ သေတ္တာထဲ ထည့်နေတယ်။ သေတ္တာကို ကုတင်ခြေရင်းမှာ နေရာချထားပေးပြီး ဒီသေတ္တာဟာ သူ့တို့အတွက် စာရေးစရာနေရာဖြစ်သလို စားပွဲလည်းဖြစ်တယ်။

ညနေခြောက်နာရီဆို လူစုဖို့အမိန့်ထုတ်ထားတာမို့ သူ့တို့တွေဟာ အခုချိန်မှာတော့ သက်သောင့်သက်သာ နေနေကြတယ်။ ကုတင်မှာ လဲလျောင်းနေသူက လဲလျောင်းနေပြီး အိမ်ကနေ ဂီတာယူလာတဲ့ကျောင်းသားတစ်ယောက်ရဲ့နားမှာ စုပြုံနေတဲ့သူကလည်း စုပြုံနေတယ်။

ခရာသံလို အသံကြားလိုက်ရတဲ့အခါ သူတို့တွေအကုန်လုံးဟာ အဝတ်အစားတွေကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်လိုက်ပြီး မိမိကုတင်ရှေ့မှာပဲ စီစီရီရီရပ်နေကြတယ်။ ပခုံးမှာ ကြယ်နှစ်ပွင့်လောက်ရှိတဲ့ အရာရှိတစ်ယောက်က နောက်လိုက်စစ်သားတစ်ယောက်နဲ့အတူ အခန်းကျယ်ထဲ ဝင်လာတယ်။

"အားလုံး....သတိ"

နောက်မှာရပ်နေတဲ့စစ်သားရဲ့ တိုင်ပင်ခေါ်သံနောက်မှာ အကုန်လုံးဟာ လက်နှစ်ဖက်ဘေးကပ်လို့ ခပ်မတ်မတ်ရပ်လိုက်ကြတယ်။

"အခုချိန်ကစပြီး မင်းတို့တွေကို စစ်တပ်က ပိုင်သွားပြီ ၊ သင်ကြားရေးမှာလည်း စစ်ဘက်ကပဲ တာဝန်ယူတော့မှာမို့ ပေါ့ပေါ့ဆဆ မလုပ်ပါနဲ့"

ပထမနှစ်တုန်းက သူတို့တွေ သင်ကြားရတဲ့ ဘာသာရပ်တွေဟာ အခြေခံမျှသာဖြစ်တယ်။ သင်ကြားပေးခဲ့သူတွေကလည်း အခြားတက္ကသိုလ်များမှာ ဘာသာရပ်ပြဆရာတွေက အချိန်ပိုင်းအနေနဲ့ ပြသပေးခဲ့တာဖြစ်တယ်။

"ဒါဟာ တပ်စုတစ်စုပဲ ၊ ဒီပညာသင်နှစ်မှာ မင်းတို့ရဲ့အရည်အချင်းအလိုက် သွားသင့်တဲ့ဌာနခွဲတွေကို ဆုံးဖြတ်ပေးသွားမှာ... ၊ ကိုယ်ဘာလိုချင်တယ်ဆိုတာ အခုတည်းက စဥ်းစားထားကြပေါ့"

You had me at "Hello"Where stories live. Discover now