21 ( Zawgyi )

4K 232 7
                                    

တဲတစ်ခုအတွင်းမှာ ရှောင်းကျန့်နဲ့အတူ ယုံကြည်ရတဲ့အဖွဲ့ဝင်သုံးဦးလောက်ဟာ ယခုစစ်ဆင်ရေးအတွက် ဆွေးနွေးနေကြတယ်။ စားပွဲပေါ်မှာ ဂြိုဟ်တုကနေ ရိုက်ထားတဲ့ဓာတ်ပုံတစ်ချို့နဲ့အတူ မြေပုံကို ဖြန့်ထားတယ်။

"ဒေသခံတွေ ရှိနေတော့...."

"အင်း... ၊ အဲ့ဒါကိုပဲ ငါတို့တွေ ခေါင်းကိုက်နေရတာမလား"

ရှောင်းကျန့်က စကားတစ်ခွန်းမှ ပြန်မပြောဖြစ်ဘဲ လက်ပိုက်ထားပြီး ဓာတ်ပုံတွေကိုသာ သေချာစူးစိုက်လို့ကြည့်နေတယ်။ ခေါင်းဆောင်လို့ထင်ရတဲ့လူတစ်ယောက်ကို အစိုးရကလွှတ်တင်ထားတဲ့ဂြိုဟ်တုကနေ ဓာတ်ပုံရိုက်ယူထားနိုင်ခဲ့တယ်။

ဒါဟာ အတိအကျတော့ မမှတ်ယူနိုင်ပေမဲ့ အထက်က သူတို့တွေကို သွားဖမ်းစေချင်တယ်။ ဒါပေမဲ့ ဘေးပတ်လည်မှာ ဒေသခံတွေနေတဲ့အိမ်တွေရှိနေတာက ရှောင်းကျန့်တို့အတွက် ခက်ခဲလို့နေတယ်။

"ဗိုလ်ကြီး...ဘယ်လိုလုပ်ရမလဲ"

ရှောင်းကျန့်က နာရီကိုတစ်ချက်ကြည့်လိုက်တယ်။

"နောက်တစ်နာရီနေရင် ထွက်မယ် ၊ အကုန်လုံးကို ပြင်ဆင်ခိုင်းထားလိုက်"

ရှောင်းကျန့်ရဲ့မျက်မှောင်တွေက ကြုံ့နေပြီး အံကိုလည်းကြိတ်ထားသေးတယ်။ သူအနေနဲ့ဆို လုံးဝထွက်မှာမဟုတ်ပေမဲ့ အထက်မိန့်ပါလာတဲ့အခါ ဘယ်လိုမှ ငြင်းဆန်လို့မရဘူး။

မရိန်းစစ်သားတွေအကုန်လုံးဟာ ယခုစစ်ဆင်ရေးအတွက် မိမိတစ်ကိုယ်စာလက်နက်တွေကို နိုင်သလောက် သယ်ယူနေတယ်။ အစိုးရဟာ လက်နက်တွေကို ရိက္ခာထက် ပိုမိုလျှံပေါစွာ ပေးထားတယ်။

ဝမ်ရိပေါ်ဟာလည်း သူ့နဲ့သင့်တော်မဲ့ဟာတွေကို ရွေးချယ်ယူနေတယ်။ ရောက်လာခဲ့တဲ့နှစ်လအတွင်းမှာ ရှောင်းကျန့်ပါဝင်စရာမလိုတဲ့တိုက်ပွဲအသေးစားတွေကို သူ ကြုံတွေ့ဖူးပြီးပြီ။ မြေခံသဘောကိုလည်း သူ နားလည်နေပြီဖြစ်တာကြောင့် တဖြည်းဖြည်းလည်း နေသားကျလာခဲ့ပြီ။

လုံလောက်ပြီလို့ထင်တဲ့အခါ လူစုတဲ့နေရာဆီကို သူ လျှောက်သွားလိုက်တော့တယ်။ ရှောင်းကျန့်နဲ့အတူတူ စစ်ဆင်ရေးထွက်ရမှာက ဒါပထမဆုံးပဲ။

You had me at "Hello"Where stories live. Discover now