Extra: Get around

7.9K 944 39
                                    

အဖွားမက်ဂယ်လ်ရဲ့တိုက်ခန်းထဲ ဝမ်ရိပေါ်တို့ရောက်တဲ့အချိန်မှာ အဖွားမက်ဂယ်လ်ဟာ မနက်စာတောင် ပြင်ဆင်ပြီးနေပြီ။

"ဘေဘီတို့ နောက်ကျတယ်"

ရှောင်းကျန့်က ဝမ်ရိပေါ်ကို မျက်စောင်းထိုးကြည့်လိုက်တယ်။ ဝမ်ရိပေါ်ရဲ့အီးလေးဆွဲနေမှုကြောင့် အကုန်လုံးပြင်ဆင်ပြီးချိန်မှာ မနက်ကိုးနာရီထိုးနေခဲ့ပြီ။ ဝမ်ရိပေါ်က မသိလိုက်မသိဘာသာနဲ့ မမြင်ချင်ယောင်ဆောင်ပြီး အဖွားမက်ဂယ်လ်ရှိနေတဲ့မီးဖိုခန်းထဲ ဝင်သွားတော့တယ်။

"ပါစတာ....?"

"ကျွန်တော်ကြိုက်တဲ့ဟာပဲ"

အဖွားမက်ဂယ်လ်က မနက်စာစားဖို့ ဆော်ဩလိုက်ပြီးတဲ့နောက်မှာ ရှောင်းကျန့်ရော ဝမ်ရိပေါ်ရော စားပွဲမှာ ဝင်ထိုင်လိုက်တယ်။

အဖွားမက်ဂယ်လ်ဟာ သူမ ကင်းလွတ်ခဲ့တဲ့ ဝမ်ရိပေါ်ရဲ့ခြောက်နှစ်တာကို စပ်စပ်စုစုမေးမြန်းနေတယ်။ ဝမ်ရိပေါ်ရဲ့အလုပ်အကိုင်ကို သိတဲ့အခါ သိပ်တော့အံ့ဩဟန်မပြဘူး။

"ဂရုတော့စိုက်...ဘေဘီ"

"အင်း....ကျွန်တော် သိတယ်"

ရှောင်းကျန့်မှာ ဝမ်ရိပေါ်ရဲ့အစားအသောက်ကို သေချာဂရုစိုက်ပေးတတ်တဲ့အကျင့်ရှိတယ်။ အခုလည်း ဘေးနားမှာကပ်ထိုင်နေတဲ့ဝမ်ရိပေါ်ကို လီမွန်သောက်နေတာ လျော့ခိုင်းပြီး ကြက်ဥပြုတ်ကို ကိုယ်တိုင်အခွံခွာပေးနေတယ်။

ပါစတာတစ်ပန်းကန်တောင် စားလို့မကုန်သေးပေမဲ့ ရှောင်းကျန့်ဟာ ဝမ်ရိပေါ်ရဲ့ပန်းကန်ထဲကို နောက်ထပ် ထပ်ထည့်ပေးနေတယ်။ ပန်းကန်ထဲထည့်ထားတဲ့ပမာဏဟာလည်း ဝမ်ရိပေါ် စားနေနိုင်သေးတဲ့ပမာဏဖြစ်တယ်။

"ဗိုက်ပြည့်ရုံပဲစား...ဝမ်"

"အင်း"

အဖွားမက်ဂယ်လ်ဟာ ရှောင်းကျန့်ကိုကြည့်ပြီး ပြုံးရွှင်နေတယ်။ မျက်နှာတည်တည်ကြီးနဲ့ နေနေပေမဲ့ ဝမ်ရိပေါ်ဟာ ထိုကလေးကို အရမ်းသဘောကျနေမှန်း သူမ ခန့်မှန်းနိုင်နေတယ်။

"ဟေး....မင်းက လူကောင်းပါ"

ရှောင်းကျန့်ဟာ အဖွားမက်ဂယ်လ်ရဲ့စကားမှာ မျက်လုံးဘေးနားကအကြောင်းလေးတွေပေါ်လာတဲ့အထိ ပြုံးလာတယ်။

You had me at "Hello"Where stories live. Discover now