"ဟယ်လို Boss!! မင်းသန့်ကျော်ဇင်က သူရဲ့အရင်ရောဂါဟောင်းကြောင့် ဆေးရုံတင်ထားရပါတယ် ပြီးတော့ အခုထိလည်းသတိပြန်မလည်သေးပါဘူး"
လေလှိုင်းမှတစ်ဆင့်ကြားရတဲ့ သတင်းစကားသည် ဒေါ်မာယာခင်အဖို့ ဝမ်းသာစရာသတင်းတစ်ခုဖြစ်နေခဲ့သည်။ မကြာခင်မှာ သူမရဲ့အိပ်မက်ပန်းတိုင်ကို ရောက်ရှိဖို့ လက်တကမ်းအလိုသာ လိုတော့သည်။သူရဲ့စိတ်ကူးအိပ်မက်တွေအောင်မြင်ဖို့နီးကပ်လာတော့မည်။
"ဟားး ဟားးး မင်းရဲ့အရည်အချင်းလောက်နဲ့ ငါ့ကိုမမှီနိုင်ပါဘူး ဟား"
လက်တဖက်ကကိုင်ထားတဲ့ ဝီစကီခွက်လေးကိုလှုပ်ခါရင်း သူလှောင်ရယ်နေမိသည်။
မာယာခင်လိုလူမျိုးကိုမှ စိန်ခေါ်ရဲတဲ့ တူဖြစ်သူကို သနားချင်သွားသည်။
"သားလေး ရောက်လာပြီလား"
အခန်းတံခါးခေါက်သံနဲ့အတူဝင်ရောက်လာတဲ့ သူမရဲ့သားဖြစ်သူကိုတွေ့လိုက်တာနဲ့ ခုဏကနဲ့မတူစွာ ချက်ချင်းပုံစံပြောင်းသွားသည်။
"ဟုတ် အမေ ဒါနဲ့ မင်းသန့်ရဲ့အခြေအနေကိုသိရပြီမလား အခုဆို သားတို့ဆင်ထားတဲ့ထောင်ချောက်ထဲကို မကြာခင်ရောက်လာတော့မယ်!! "
ဒေါ်မာယာခင်သည် သူမ၏သားဖြစ်သူကို သူမအလိုကျအတိုင်း ပုံစံသွင်းထားသည့်အတိုင်း အံဝင်ကွင်ကျဖြစ်နေသည်ကို အားရကျေနပ်နေမိသည်။
"ဟုတ်တာပေါ့ သားရယ် မကြာခင် အမေတို့အကွက်ထဲကို သူမကျချင်လည်းကျလာရတော့မှာလေ ဒါပေမဲ့ အခုလောက်နဲ့မလုံလောက်သေးဘူး တခြားဟာတွေပါ ဖြည့်စွက် စီစဉ်ထားတာလေးတွေရှိသေးတယ်"
ဒေါ်မာယာခင်၏ မျက်နှာပေါ်က မဲ့ပြုံးတစ်ချက်ကို မြတ်ခ ဖျက်ကနဲမြင်လိုက်ရတာကြောင့် မင်းသန့်အတွက် သတိအကြီးကြီးထားဖို့အချိန်ကိုရောက်လာတော့မယ်လို့ သူခံစားမိနေသည်။
သူမင်းသန့်ကိုသူအရင်က အငြိုးထားပြီးမုန်းခဲ့ဖူးသည်။ကိုယ်လိုချင်တာမရတဲ့အတွက် သူတစ်ပါးရရှိထားတဲ့အရာတွေကို တပ်မက်တဲ့စိတ်တစ်ခုကြောင့် မင်းသန့်အပေါ်တွင် သူအမုန်းတရားတွေထားခဲ့မိသည်။
YOU ARE READING
If only I had loved U(ငါသာမင်းကိုချစ်ခဲ့လျှင်) (Own Creation)
Romanceလွတ်လပ်စွာချစ်ခွင့်ပေးဖို့အတွက် ခင်ဗျားနှလုံးသားကလည်း ဖွင့်ဖို့လိုအပ်တယ်....