တွေ့ဆုံခြင်းဟာ လှပမည်ဆိုခဲ့လျှင် ကျွန်တော်တို့တွေ့ဆုံခြင်းကလည်း အမြင်မတူစွာနဲ့လှပနေခဲ့ပါသည်။
"မကြာမှီအချိန်တွင် မင်္ဂလာအခမ်းအနားစတင်မည်ဖြစ်ပါသဖြင့် သတို့သားမှနေရာယူပေးထားစေချင်ပါသည်"
အစီစဥ်တင်ဆက်သူ၏ပြောစကားကြောင့် ခန်းမထဲမှာလူများရုတ်စိရုတ်စိစတင်ဖြစ်ပေါ်လာတော့သည်
သတို့သမီးကိုသိတဲ့သူကများပေမဲ့လည်း သတို့သားကိုတစ်ခါမှမတွေ့ဖူးတာလည်းဖြစ်တာကြောင့် ပိုပြီးစိတ်ဝင်တစားရှိနေကြသည် အများစုကတော့ ခမ်းနားလှပတဲ့မင်္ဂလာပွဲကြောင့် အားကျနေကြတာမျိုးလည်းရှိသလို ဂုဏ်ပြုပေးနေကြတဲ့လူတစ်ချို့လည်းရှိကြသည်။
"သတို့သားကိုရှာမတွေ့တော့ဘူး!!!"
ထိုအသံနဲ့အတူ ခန်းမတစ်ခုလုံးလှုပ်လှုပ်ရှားရှားဖြစ်လာခဲ့သည်။
"သတို့သားက ဘယ်ရောက်သွားရတာလဲ "
"သတို့သားဖြစ်ပြီး ဘာလို့ထွက်ပြေးသွားရတာလဲ"
"သတို့သမီးဘက်ကို အားနာမှုလေးတောင်မရှိဘူးလား အရှက်ကွဲကုန်ပြီ သနားပါတယ်"
"တော်တော်လူစိတ်မရှိတဲ့ သတို့သားပဲ"
တစ်ယောက်တစ်ခွန်းစီပြောနေကြတဲ့ စကားသံကို စစ်မင်းထက်တစ်ယောက်နားထောင်ရင်းစိတ်ကုန်နေမိသည်။
"ဘယ်သူပဲ ပွဲကပျောက်သွားပျောက်သွား ငါနဲ့မဆိုင်တာမို့ ပြန်ပြီ"
မိဘတွေကအတင်းသွားခိုင်းလို့သာ သွားရတာ နည်းနည်းလေးတောင်သွားချင်တာမဟုတ်ဘူး ဘူဖေးကျွေးမယ်ဆိုလို့သာ အစားအသောက်ကိုသစ္စာရှိပြီး လာခဲ့ရတာ အခုတော့ဗိုက်ပြည့်အောင်စားပြီးပြီမို့ ပြန်တော့မယ် ကျန်တဲ့ကိစ္စက သူတို့ကိစ္စ စားရမယ့်ကိစ္စကကိုယ့်ကိစ္စမို့ အေးဆေးပဲ...
"စောသေးတာမို့အိမ်မပြန်တော့ပဲ ဟိုကောင်တွေဆီသွားမယ်"
ထိုအချိန် ကားထဲကိုဝင်လာတဲ့ တစ်စုံတစ်ယောက်... ဘယ်သူမို့လို့ သူ့ကားထဲဝင်ထိုင်ရတာတုန်း!!
"ခင်ဗျား ဘယ်သူလဲ"
"မင်းသွားချင်တဲ့နေရာကိုသာသွား လိုက်ခဲ့မယ်"
![](https://img.wattpad.com/cover/240796417-288-k341562.jpg)
YOU ARE READING
If only I had loved U(ငါသာမင်းကိုချစ်ခဲ့လျှင်) (Own Creation)
Romanceလွတ်လပ်စွာချစ်ခွင့်ပေးဖို့အတွက် ခင်ဗျားနှလုံးသားကလည်း ဖွင့်ဖို့လိုအပ်တယ်....