အခန်းထဲသို့ ပြေးဝင်လာတဲ့ မင်းသစ်ပိုင်ကြောင့်စစ်မင်းထက် မျက်မှောင်ကြုံ့ကာ ကြည့်လိုက်သည်။
"မင်း မနက်ကတည်းက ဘာဖြစ်နေတာလဲ ကြည့်ရတာ မျက်စိကို နောက်နေတာပဲ!!!"
"ငါလည်း ပြေးလာချင်ပါ့မလား မင်းလူကြီးက ငါ့ကိုဆွဲဖြဲမတတ် ကြည့်နေတာလေ အဲ့တာကြောင့် ကြောက်လို့ ထွက်ပြေးလာတာပေါ့"
မင်းသစ်ပိုင်ကို ပြောချင်လို့သာ သူ့မှာ ပြောလိုက်တာ အမှန်က ဦးသန့်သည်လည်း ခုတလော သူ့ကို အရမ်းတွယ်ကပ်နေမှန်း သူလည်းသိသည်။
အဲ့လိုမျိုးတွဲကပ်နေတာကလည်း ဦးသန့်ရဲ့ သူတစ်ယောက်ပဲ မြင်ဖူးတဲ့ အခြားတစ်ဖက်ခြမ်းဖြစ်လေသည်။
ရုပ်ချောချော ခပ်မိုက်မိုက် CEOကြီးက သူ့ရှေ့ရောက်ရင် ကလေးဆိုးကြီး ဖြစ်သွားတာကို စစ်မင်းထက်လည်း အများကြီးသဘောကျပါတယ်နော်.....
"ပြုံးဖြီးမနေနဲ့ VIPရောက်လာတယ် လုပ်စရာရှိတာ လုပ်ကြတာပေါ့"
မင်းသစ်ပိုင် သတိပေးမှပဲ သူလည်း လာရာကိစ္စကို သတိရတော့တယ်။ သူ့ဆိုင်တွင် လာရောက်စားသုံးသူတိုင်းကို တန်းတူညီမျှ ကောင်းမွန်အောင်ဆောင်ရွက်ပေးသောကြောင့် လာရောက်စားသုံးသူတိုင်းသည် သူတို့ရဲ့VIPများပင်ဖြစ်သည်။
"အိုကေ... အိုကေ...ဒါဆို ဦးသန့်ဆီခဏလေးသွားပြီး ပြောလိုက်ဦးမယ်"
ဆိုင်ခြံဝန်းထဲတွင် ဖုန်းပြောနေတဲ့ ဦးသန့်ရဲ့ နောက်ကို စစ်မင်းထက် ခြေဖော့ကာ ဖြေးဖြေးလေးလျှောက်ကာ သွားလိုက်သည်။
"အင်း!! နောက်၁၅မိနစ်ကြ meeting မှာပြောစရာရှိတာ အကုန်ပြော တစ်ခုမှ မကျန်စေနဲ့"
meeting!!! ဒါဆို ဦးသန့်က ပြန်တော့မှာလား!! ရောက်တာဖြင့် နာရီဝက်တောင်မရှိသေးတာကိုလေ။ ဦးသန့်ရဲ့ ရှပ်အကျီအနားစလေးကို စစ်မင်းထက် မသိစိတ်အရ ဆွဲထားမိလေသည်။
ဦးသန့် သူ့အနားမှာ ကပ်နေလို့ သဘောကျတာဖြင့် ခဏလေးပဲရှိသေးတယ်လေ.....
"ကိုယ့်ကို မပြန်စေချင်မှန်းသိလို့ online meeting လုပ်ခိုင်းထားပါတယ် ကိုစစ်ရယ်"
![](https://img.wattpad.com/cover/240796417-288-k341562.jpg)
YOU ARE READING
If only I had loved U(ငါသာမင်းကိုချစ်ခဲ့လျှင်) (Own Creation)
Romanceလွတ်လပ်စွာချစ်ခွင့်ပေးဖို့အတွက် ခင်ဗျားနှလုံးသားကလည်း ဖွင့်ဖို့လိုအပ်တယ်....