မင်းသန့်ကျော်ဇင်၏စိတ်တံခါးကိုဖွင့်နိုင်ဖို့အတွက် ရှိသမျှအကြံဥာဏ်တွေစစ်မင်းထက် ထုတ်သုံးနေရသည်။အခန်းထဲရှိစားပွဲခုံတွင် laptopတစ်လုံးနှင့်သူတစ်ယောက်တည်း ဗျာများနေရသည်။
နောက်ဆုံးအကြံဥာဏ်တစ်ခုရတာနဲ့ ချက်ချင်းဖုန်းကိုယူကာ messageတစ်စောင်ရေးပို့လိုက်သည်။
[ဉီးသန့် ညနေကြ အားလား]
တစ်မိနစ်လောက်ကြာတဲ့ထိကို စာပြန်မပို့လာသေးတာကြောင့် ထိုင်မရထမရဖြစ်နေမိသည်။
[ကိုယ် ညနေကြ Dinnerတစ်ပွဲတတ်စရာရှိတယ် ဘာလို့လဲ]
သုံးမိနစ်ပြည့်တဲ့အချိန်မှာတော့ သူ့ဆီကိုစာပြန်ပို့လာသည်။ဒီစာလေးလေးတစ်စောင်ပို့ဖို့ကို ဘာလို့အဲ့လောက်ကြာနေရတာလဲ!!!
[မနက်ကကိစ္စအတွက် ကျွန်တော်တောင်းပန်တယ်နော် ဉီးသန့်]
[အင်း....]
"အင်း"တစ်လုံးတည်းပဲလား!!! မင်းသန့်ကျော်ဇင်ရဲ့သွေးအေးမှုကြီးကို စစ်မင်းထက်လက်ဖျားခါမိသွားသည်။ရေခဲတုံးကြီးကို အရည်ပျော်ဖို့အတွက် စစ်မင်းထက်အနေနဲ့ တော်တော်လေးကြိုးစားရမည်ကို သတိထားမိခဲ့သည်။
#တကယ်ပါ မေရယ် ကိုယ်ကတော့ ချစ်တာတစ်ခုပဲသိတယ်....
ဖုန်းမြည်သံကြောင့် မင်းသန့်ကျော်ဇင်အကြောင်းတွေနေတာကိုခဏရပ်ပြီး ဖုန်းကိုင်လိုက်ရသည်။
#ဟယ်လို Captain ညနေကြအားလား
"အားတယ်လေ ဘာကိစ္စရှိလို့လဲ သီဟ"
ပုံမှန်အချိန်တွေဆို စစ်မင်းထက် ဒါမှမဟုတ်ရင် ကိုစစ်လို့သာခေါ်တတ်သည့်သီဟက အခုလို Captainလို့ခေါ်လာပြီဆိုရင် အရေးကြီးကိစ္စတစ်ခုရှိလို့သာခေါ်ခြင်းဖြစ်သည်။
#ညနေကြ partyတစ်ခုရှိတယ် မင်းအားရင်လာခဲ့လေ ခန့်ထည်တို့လည်းလာမှာ
ညနေကြရင် ဉီးသန့်က Dinnerပွဲရှိတယ်လို့ပြောထားတာကြောင့် သူလည်းတစ်ညလုံးအားနေသည်။
"လာခဲ့မယ် အရင်နေရာပဲလား"
#အိုကေ Captain စောင့်နေမယ်နော်
YOU ARE READING
If only I had loved U(ငါသာမင်းကိုချစ်ခဲ့လျှင်) (Own Creation)
Romanceလွတ်လပ်စွာချစ်ခွင့်ပေးဖို့အတွက် ခင်ဗျားနှလုံးသားကလည်း ဖွင့်ဖို့လိုအပ်တယ်....