အပိုင်း-၁၇ (Unicode)

311 22 0
                                    

"ကိုကို ဒီနေ့ရုံးပိတ်ရက်ကြီးကို အိမ်မှာမနေပဲ ဘယ်သွားမလို့လဲ"

မျက်နှာချင်းဆိုင်အခန်းထဲက ထွက်လာတဲ့ ညီမဖြစ်သူစစ်မှူးသွယ်က မေးလာတာကြောင့် စစ်သူရမဖြေမဖြစ် ဖြေရဦးမည်။

"ကိုစစ်က ကိုကို့ကိုတွေ့ချင်လို့တဲ့လေ အဲ့တာကြောင့် သွားတွေ့မလို့"

"တွေ့ချင်တဲ့သူကလာမတွေ့ပဲ ဘာလို့ကိုကိုက သွားတွေ့ရတာတုန်း!!! ကိုစစ်ကတော့တကယ်ပါပဲ"

ခေါင်းတခါခါနဲ့မောင်လုပ်သူကို ပွစိပွစိပြောနေတဲ့ ညီမဖြစ်သူကိုကြည့်ပြီး စစ်သူရပြုံးမိသည်။ဒီမတည့်အတူနေမောင်နှစ်မနှစ်ယောက် အပြောနဲ့အလုပ်ကအမြဲတမ်းတခြားစီ!!!

"ကိုကိုလည်းမသိပါဘူးကွာ ပြီးတော့အလုပ်လည်းအားတာ​မို့ လာခဲ့မယ်လို့ပြောလိုက်တာ"

"မှူးသွယ်လည်း လိုက်ချင်လို့ ခေါ်ပါလား ကိုကို"

သနားစရာမျက်လုံးလေးနဲ့ ချွဲပြနေတဲ့ ညီမဖြစ်သူကြောင့် စစ်သူရ မတုံ့မဆိုင်းပဲ  ခေါင်းငြိမ့်လိုက်ရသည်။သူ့မှာအလိုလိုက် ချစ်စရာဆိုလို့ ဒီအငယ်နှစ်ယောက်ပဲရှိတာမဟုတ်လား!!!

"ယေး!!! အဲ့တာကြောင့် မှူးသွယ်က ကိုကို့ကိုချစ်တာ ခဏပဲ!! ငါးမိနစ်ပဲစောင့်နော် အဝတ်သွားလဲလိုက်ဦးမယ် "

ထမခုန်ရုံတမယ် အော်ဟစ်သောင်းကျန်းနေတဲ့ညီမဖြစ်သူကြောင့် သူရယ်မိသွားသည်။တကယ်ကိုကလေးစိတ်မကုန်သေးတဲ့  လူကြီးလေးတွေပဲ....

"ငါးမိနစ်ဆိုပြီး မိနစ်ငါးဆယ်တော့ မလုပ်နဲ့နော်!!"

"အာ!! သိပါတယ် ကိုကိုရဲ့ ငါးမိနစ်ပဲကြာမှာပါ"

ငါးမိနစ်ဆိုပြီး စစ်သူရတကယ်စောင့်လိုက်ရတဲ့အချိန်က မိနစ်သုံးဆယ်ခန့်ကြာမြင့်ခဲ့သည်။

"ဒီဆိုင်လား ကိုကို"

ကားပါကင်ထိုးရင်း ညီမဖြစ်သူကမေးလာတာကြောင့် စစ်သူရခေါင်းငြိမ့်ပြလိုက်သည်

"အင်းလေ!! ဘာလို့လဲ မှူး"

"ဒီဆိုင်က ကိုစစ်ဝယ်ထားတဲ့ဆိုင်လေ အပြင်အဆင်တွေတောင် ပြီးသလောက်ရှိနေပြီပဲ"

If only I had loved U(ငါသာမင်းကိုချစ်ခဲ့လျှင်) (Own Creation)Donde viven las historias. Descúbrelo ahora