အပိုင်း-၇ (Unicode)

380 28 6
                                    

မင်းသန့်ကျော်ဇင်၏စိတ်တံခါးကိုဖွင့်နိုင်ဖို့အတွက် ရှိသမျှအကြံဥာဏ်တွေစစ်မင်းထက် ထုတ်သုံးနေရသည်။အခန်းထဲရှိစားပွဲခုံတွင် laptopတစ်လုံးနှင့်သူတစ်ယောက်တည်း ဗျာများနေရသည်။

နောက်ဆုံးအကြံဥာဏ်တစ်ခုရတာနဲ့ ချက်ချင်းဖုန်းကိုယူကာ messageတစ်စောင်ရေးပို့လိုက်သည်။

[ဦးသန့် ညနေကြ အားလား]

တစ်မိနစ်လောက်ကြာတဲ့ထိကို စာပြန်မပို့လာသေးတာကြောင့် ထိုင်မရထမရဖြစ်နေမိသည်။

[ကိုယ် ညနေကြ Dinnerတစ်ပွဲတတ်စရာရှိတယ် ဘာလို့လဲ]

သုံးမိနစ်ပြည့်တဲ့အချိန်မှာတော့ သူ့ဆီကိုစာပြန်ပို့လာသည်။ဒီစာလေးလေးတစ်စောင်ပို့ဖို့ကို ဘာလို့အဲ့လောက်ကြာနေရတာလဲ!!!

[မနက်ကကိစ္စအတွက် ကျွန်တော်တောင်းပန်တယ်နော် ဦးသန့်]

[အင်း....]

"အင်း"တစ်လုံးတည်းပဲလား!!! မင်းသန့်ကျော်ဇင်ရဲ့သွေးအေးမှုကြီး​ကို စစ်မင်းထက်လက်ဖျားခါမိသွားသည်။ရေခဲတုံးကြီးကို အရည်ပျော်ဖို့အတွက် စစ်မင်းထက်အနေနဲ့ တော်တော်လေးကြိုးစားရမည်ကို သတိထားမိခဲ့သည်။

#တကယ်ပါ မေရယ် ကိုယ်ကတော့ ချစ်တာတစ်ခုပဲသိတယ်....

ဖုန်းမြည်သံကြောင့် မင်းသန့်ကျော်ဇင်အကြောင်းတွေနေတာကိုခဏရပ်ပြီး ဖုန်းကိုင်လိုက်ရသည်။

#ဟယ်လို Captain ညနေကြအားလား

"အားတယ်လေ ဘာကိစ္စရှိလို့လဲ သီဟ"

ပုံမှန်အချိန်တွေဆို စစ်မင်းထက် ဒါမှမဟုတ်ရင် ကိုစစ်လို့သာခေါ်တတ်သည့်သီဟက အခုလို Captainလို့ခေါ်လာပြီဆိုရင် အရေးကြီးကိစ္စတစ်ခုရှိလို့သာခေါ်ခြင်းဖြစ်သည်။

#ညနေကြ partyတစ်ခုရှိတယ် မင်းအားရင်လာခဲ့လေ ခန့်ထည်တို့လည်းလာမှာ

ညနေကြရင် ဦးသန့်က Dinnerပွဲရှိတယ်လို့ပြောထားတာကြောင့် သူလည်းတစ်ညလုံးအားနေသည်။

"လာခဲ့မယ် အရင်နေရာပဲလား"

#အိုကေ Captain စောင့်နေမယ်နော်

If only I had loved U(ငါသာမင်းကိုချစ်ခဲ့လျှင်) (Own Creation)Where stories live. Discover now