part(2)

883 67 7
                                    

"ရိပေါ် ဘာစားချင်လည်းဟင် အားယုံ ဘာလုပ်ပေးရမလဲ"

အားယုံဆိုသည့် မိန်းက လေးက ပြောနေ သော်လည်း ရိပေါ် ဂရုမစိုက် သူအခုချိန်မှာ ဒီက လွတ်မြောက်ဖို့ပဲ သူဒီမှာမ နေချင်ဘူး သူဒီမှာဆက်နေရင်သူသေဖို့ပဲရှိတော့တယ်  ဒီအိမ်က နေသူမထွက်ရတာ ဆယ်နှစ်ကျော်ပြီ ဒီအခန်းထဲမှာ ပိတ်လှောင်ခံထားရတာ သူ့ကို အရူးတစ်ယောက်လိုသတ်မှတ်ထားကျတာ တကယ်က သူမရူးဘူး သူအားလုံးကိုသိတယ် ဒီဆေးတွေ အထိုးခံနေရ ပေမဲ့ သူ့အားလုံးကိုသိနေတယ် ဟိုအယုတ်တမာသားအဖနှစ်ယောက်သူ့ကို သတ်ပြီး သူပိုင်ဆိုင်မှုတွေလိုချင်နေတယ်ဆိုတာ သူသိတယ် အတိအကျပြောရ ရင် ဆယ့်နှစ်နှစ်ရှိပြီ ဒီလူယုတ်မာသားအဖ သူ့ကို ခုလိုလုပ်ခဲ့တာ လင်ချုံက သူ့သမီးနဲ့အတင်းအကျပ်ပေးစားထားပြီး ဒီအိမ်ကို အပိုင်စီးထားတာ ရိပေါ်မိဘ လုပ်ငန်းတွေကိုလည်း အပိုင်စီးထားတာ  သူ့တို့သားအဖ ရိပေါ်အ ပေါ် မေတ္တာတစက်လေးတောင်မရှိပဲ အနုနည်းနဲ့ နှိပ်စက်နေတာ အားလုံးသိတယ် ဒါပေမဲ့သူပြောပြလည်းလူတွေက ယုံကြည်မှာ မဟုတ်ဘူး ဘာလို့ဆို လူတွေအားလုံးအမြင်မှာ သူက အရူးတစ်ယောက်သာ

"ရိပေါ် အားယုံကိုစကားပြန်ပြောပါဦး"

ဘာတခွန်းမှ ပြန်မ ပြောတဲ့ ရိပေါ်ကိုကြည့်ပြီး အားယုံ နှုတ်ခမ်းမဲ့လိုက်သည်

' ဟွန့် ဒီစောက်ရူး သေလည်းမ သေနိုင်ဘူး ရှုပ်လိုက်တာ သူမြန်မြန်သေမှ ငါလည်းကိုကိုနဲ့ အတူတူလွတ်လွတ်လပ်လပ်နေရမှာ'

အတွင်းစိတ်က ရိပေါ်ကိုသေ စေချင်နေ သော်လည်း အပြင်မှာတော့ သနားစဖွယ် ဂရုဏာရှင်မျက်နှာဘေးဖြင့်

"ရိပေါ်! ထမင်းလေးတော့ နည်းနည်းစားလိုက်ပါနော် အားယုံ ပြင်ပေးမယ်လေ"

"သမီးလေး!"

အ ဒေါ်ကြီးဝင်လာတာနဲ့ မရှိတဲ့မျက်ရည်တွေညှစ်ထုတ်ကာ

"အဟင့် အ ဒေါ်ကြီး  ရိပေါ်ကို အားယုံသနားလွန်းလို့ ဘယ်လိုလုပ်ကပါ့မလည်း အဟင့်"

အ ဒေါ်ကြီးက လင်အားယုံရဲ့ ခေါက်းကိုပွတ်ပေးကာ

"ဝဋ်ကြွေးတွေပါကွယ် ဝမ်လေး က ဝဋ်ကြွေးကြီးလွန်းတာပါ "

အတ္တနှောင်ကြိုးWhere stories live. Discover now