"ရှဲ့ယွင် !"
"ထန်စန်း နိုးပြီလား"
ရှဲ့ယွင်က ထန်စန်းကိုအလိုက်တသိထူပေးလိုက်သည်
ထန်စန်း သူ့ကိုယ်သူကြည့်မိတော့ အဝတ်အစားက အသစ်တွေနဲ့
"ဒါက!"
"အော် ဒီအိမ်က ဆေးဆရာကြီးပေးထားတာ မက်းကိုယ်က အကျီက သွေးတွေ ပေ နေ တော့ အသစ်လဲပေးထားတာ"
"အော် "
"ဒါလေးစားလိုက်နော် ဒါဆေးဆရာကြီး ချက်ပေးခဲ့တာ ဒါလေးစားပြီးရင် ဆေးကျိုပေးထားခဲ့တယ် သောက်လိုက်နော်"
"ဒါနဲ့ သူက ဘယ်သွားတာလည်း"
"တောထဲ ဆေးမြစ်သွားတူးတယ်"
"အော် "
ထန်စန်း ကိုရှဲ့ယွင်ဆန်ပြုတ်တိုက်တော့
"အား အရသာကြီးက"
" ဒီနေ့ တော့သည်းခံပြီးစားလိုက်နော် ဗိုက်ထဲမှာ အစာရှိမှ ဆေးသောက်လို့ရမှာပေါ့"
ခန်စန်းကိုချော့မော့ကာ ပြောပြီး ဆန်ပြုတ်ကုန်အောင်တိုက်ရသည်
"ကဲ လာဆေးသောက်မယ်နော်"ဆေးလည်းတိုက်ပြီးတော့
"ထန်စန်း ကိုယ် ရေသွားချိုးလိုက်ဦးမယ် မင်းက တော့ ရေပတ်လေးပဲတိုက်လိုက်နော် ကိုယ်တိုက် ပေးမယ်"
ဘေးမှာ အသင့်ရှိတဲ့ ရေဇလုံထဲအဝတ်ထည့်ကာ ရောညှစ်ပြီးထန်စန်း လည်ပင်းနဲ့ လက်တို့ကိုရေပတ်တိုက်ပေးလိုက်သည်
"ဒီမှာ ခန နေခဲ့ဦး.ကိုယ်ရေ သွားချိုးဦးမယ်"
"ဘယ်ကိုသွားမှာလည်း"
"ဒီနားက စမ်းချောင်းကိုပါ မကြာပါဘူး မလိုက်ခဲ့ နဲ နေခဲ့နာ် လိမိမာတယ်"
"အင်းဒါဆိုမြန်မြန်သွားပြီး မြန်မြန်လာ"
"ဟုတ်ပါပြီ"
ထွက်သွားတဲ့ ရှဲ့ယွင်ကိုကြည့်ပြီး ထန်စန်းတွေးမိသည် ဒီလိုနှစ်ယောက်ထဲ ဘာအပူပင်မှ မရှိပဲ နေရ ရင်သိပ်ကောင်းမှာပဲ နန်းတော်ထဲမှာ ဘုရင်တွေ ကြင်ယာတော်တွေအဖြစ်မဟုတ်ပဲ ဒီတိုင်းသာမန်ဘဝ လေးနဲ့ပဲ နေချင်မိတယ်
YOU ARE READING
အတ္တနှောင်ကြိုး
Fanfiction"ငါကလွဲပြီးမင်းကိုဘယ်သူမှ မပိုင်ဆိုင်စေရဘူး ဒါအတ္တဆိုလည်း ငါလက်ခံတယ်" ထန်စန်း "မင်းစိတ်ချ ငါ့နှလုံးသားက ထာဝရ မင်းအတွက်ပဲ" ရှဲ့ယွင် ဒီတခါ...