part(30)

396 35 5
                                    

ရှဲ့ယွင်မနက်မိုးလင်းလာတော့  ဖြစ်ပြီးခဲ့သမျှကို မယုံနိုင် သူဘေးနားက လီယန်းကိုမြင်ပြီး ကြက်သေ သေ နေမိသည် ထန်စန်းမျက်နှာကိုသူဘယ်လိုရင်ဆိုင်သွားရပါ့မလည်း

"ငါအခု ဘယ်လိုအမှားမျိုးကိုကျူးလွန်မိခဲ့တာလည်း ငါ ဘာလုပ်မိခဲ့တာ ငါ ဟာကွာ!!!!"

နောက်ဆုံးတော့ လီယန်းရဲ့အရှက်သိက္ခာအတွက် လုဒေသမှာပဲ အကျဉ်းရုံး မင်္ဂလာပွဲကျင်းပ ခဲ့ကျသည်

" ဒီနေ့ ချင်းပဲ နန်းတော်ပြန်မယ်!!"

"အမိန့် တော်မြတ်တိုင်းပါ မင်းကြီး!"

*****

ရှဲ့ယွင် ပြန်လာပြီဆိုတဲ့သတင်းကြားတာကြောင့် ထန်စန်းမှာ နန်းတော်မျှော်စင်က နေ စောင့်နေသည်

ဟိုးအ ဝေးက ရှဲ့ယွင်မြင်းကိုမြင်ရ တော့

ထန်စန်းပျော်ရွှင်စွာ အောက်ကိုဆင်းပြေးချ သွားတော့သည်

"သခင်လေး ဖြေးဖြေးသွားပါ"

ပျော်မြူးနေတဲ့ ထန်စန်းကိုကြည့်ပြီး ဝမ်ချင်နဲ့ဝမ်နင်လည်းပြုံးပျော်နေကျသည်

မင်းကြီးပြန်လာသည်မို့ ကြိုဆိုကျသည့် ပြည်သူများ

အမတ်မင်းများနဲ့ နန်းတွင်းသူ အမှုထမ်းများစွာလည်း ဂိတ်ဝ တွင်အစုအရုံး

မြင်းပေါ်ကဆင်းလာတဲ့ ရှဲ့ယွင်ကိုအ ပြေးအလွှားဖက်တဲ့ ထန်စန်း

"မင်းကြီး !"

"ကျတော်အရမ်းလွမ်းနေတာ"

အ နောက်က ဝေါယာဉ်ထဲက ဆင်းလာတဲ့ မိန်းက လေးကိုမြင်လိုက်တော့ ထန်စန်းမျက်နှာအလိုလိုတွန့်ချိုးလျက်

"သူက ဘယ်သူလည်း မင်းကြီး!"

"သူက …သူက…"

"ဘယ်သူလည်း !''

"ကိုယ့်မိဖုရားပါ"

"ဘာ!!!!!! " ဟိန်းထွက်သွားတဲ့အသံကြောင့် အနားရှိအပျိုတော်လေးများမှာ လန့်ဖျန့် သွားရသည်

ကြားလိုက်ရတဲ့ အမတ်တွေလည်းတအံတသြပင်

"မိဖုရား ဟုတ်လား!!"

"အရှင်မင်းကြီး ဒါက ဘယ်လိုဖြစ်လို့…"အမတ်လီကဆိုသည်

"ညီလာခံခန်းမထဲမှာ ပြောကျရ အောင်"

အတ္တနှောင်ကြိုးWhere stories live. Discover now