Part(16)

478 45 6
                                    

"ရှဲ့ယွင်!"

"အင်း"

ထန်စန်းက ရှဲ့ယွင်ကိုပြုံးကာ ကြည့်နေသည်

"ထန်စန်းဘာလို့လည်း"

"ဟင့်အင်းဒီတိုင်းခေါ်ကြည့်တာ မင်းက ဒီလိုအ ပေါ်ပိုင်းဗလာကျင်းနဲ့ဆို အရမ်းဆွဲဆောင်မှုရှိတယ်"
ထန်စန်းကဒီလို ပြောတော့ ရှဲ့ယွင် အ နေခက်မိသည် အခုသူတို့က ရေစည်ထဲတွင် နှစ်ယောက်အတူ ရေချိုးနေခြင်း

"ရှဲ့ယွင် မင်း တ နေ့တခြား ပိုချောလာတယ်သိလား"

"ထန်စန်း""

"မင်းကိုလေ ငါကြည့်နေတာ မင်းကတကယ်ယောက်ျားပီသပြီး အရမ်းဆွဲဆောင်မှုရှိတယ် ငါလိုယောက်ျားတစိယောက်တောင် မင်းကိုကြည့်ပြီး အားကျသလိုလို မနာလိုသလိုလိုပဲ "

ထန်စန်းဒီနေ့မှ ကျမှ ဘယ်လိုဖြစ်လည်းမသိဘူး လူကိုအ နေခက်အောင် ပြောနေသည်

ရှဲ့ယွင်ဒီမှာ ဆက်နေရင် ထပ်ပြီး အ နေကျဉ်းကျပ်မှာ သိမှာမို့ ဘေးက အဝတ်ကို ယူကာ ထလိုက်တော့ ထန်စန်းက လိုက်ကြည့်ကာ

"ဘယ်သွားမလို့လည်း"

"ငါ ရေချိုးပြီးပြီ ငါသွားနှင့်မယ်နော်"

ထသွားတော့မယ့် ရှဲ့ယွင်ကို ထန်စန်းက လက်ဆွဲချလိုက်တော့ ထန်စန်းနှင့်မျက်နှာချင်းနီးကပ်သွားတဲ့ရှဲ့ယွင်

အနီးကပ်မြင်နေရတဲ့ထန်စန်းဟာ အင်မတန်ချောမောလှသည် ရေ တွေကလည်းစိုနေ တော့ ထိုရေစိုနေတဲ့မျက်နှာလေးဟာ ပိုပြီး ချောနေသည် ချောတာထက်လှတယ် ပြောရမလား ထန်စန်းက မျက်လုံးမျက်ခုံးလေးက လှသည် နှာတံလေးက လည်းဖြောင့်စင်းနေသလို နှုတ်ခမ်းလေးကလည်း သဘာဝအတိုင်းရဲရဲလေး ရေစိုလို့ ပိုပြီးရဲစိုနေတဲ့ နှုတ်ခမ်းကြောင့် ရှဲ့ယွင်တံတွေးမျိုချမိသည်

ဒီလိုပူးကပ်နေတဲ့ အ ခြေအ နေကြီးက ရှဲ့ယွင်ကို နေအထိထိုင်မသာဖြစ်စေသည် ရင်ဘတ်ထဲကလည်း ကုလားဘုရားလှည့်နေသလိုပဲ တဒုန်းဒုန်းတဒိုင်းဒိုင်းနဲ့ ငယ်ငယ်လေးထဲက  ထန်စန်းနဲ့အ နေနီးရင်းနှီးခဲ့ပေမယ့် ခုက နှစ်ယောက်လုံးလူပျို အရွယ် ရောက်နေပြီ ခုလိုလူပျို နှစ်ယောက် ဒီလိုအ ခြေအ နေမှာရှိနေတသည်မှာ မဖြစ်သင့် ဘယ်လိုပဲဖြစ်ဖြစ် ထန်စန်းက ကျေးဇူးရှင်ရဲ့သား သူနဲ့အ မေဒီလိုကောင်းကောင်းမွန်မွန် နေရတာမလား ကျေးဇူးပြန်မဆပ်ရင်တောင် ကျေးတော့မစွပ်သင့်ဘူးလေ

အတ္တနှောင်ကြိုးWhere stories live. Discover now