part (36)

417 36 15
                                    

"အူဝဲ အူဝဲ!!"

မနက် တနာရီ ကြီးမှာ ထငိုတဲ့ မင်းသားလေး ကြောင့် တိတ်ဆိတ်ငြိမ်သက်နေတဲ့ နဂါးနီ ဆောင် ဟာ က လးငိုသံ တွေ လွှမ်းခြုံသွားတော့သည်

ရှဲ့ယွင်မှာ သားတော်လေး ငိုတော့ ပွေ့ချီကာဟအ ဆောင်တွင်း ဟိုဘက်ဒီဘက် လျှောက်ကာအငိုတိတ်အောင် ချော့မြူနေ လေသည်

ထန်စန်းမှာ တော့ ကောင်းကောင်းမအိပ်ရတာကြောင့် စိတ်ညစ်နေမိသည်

ည ဦးပိုင်းကလည်း တခါငိုတယ် အိပ်ယာဝင်ခါစကလည်းတခါငိုတယ် ခုလည်းငိုပြန်ပြီ အားနေငိုနေတာပဲ

"တောက်စ် ဒီက လေးအလကားနေ ငိုနေတာပဲ ငါကောင်းကောင်းမအိပ်ရဘူး"

"အို သားတော်လေးရေ တိတိပါကွယ် တိတ်ပါ သားတော်လေးက ငိုနေ တော့ ခမည်းတော်ရင်တွေနာရတယ် က လေးရဲ့ တိတ်တော့နော် "

"မင်းကြီးပေး ပေး ကျတော်သိပ်မယ်"

ထန်စန်း ရှဲ့ယွင်လက်ထဲက က လေးကိုယူချီကာ ကုတင်ပေါ်ထိုင်ချလိုက်ပြီး က လေးကို ပြူးကြည့်လိုက်တော့ ချက်ချင်းအငိုတိတ်သွားသည်

ထူးဆန်းချက်

"ဟာ သားတော်လေး အငိုတိတ်သွားပြီ ထန်စန်း လက်ထဲ ရောက်တာနဲ့ အငိုတိတ်သွားတာပဲ သားတော်က မင်းကိုခင်တွယ်တယ်ထင်တယ်"

ရှဲ့ယွင်စကားကြောင့် ထန်စန်း မသက်မသာပြုံးလိုက်သည်

"အင့်!"

ထန်စန်း ရင်ဘတ်ကို လာကိုင်တဲ့ က လေး

ရင်ဘတ်ကို သူ့လက်သေးသေးလေးနဲ့ လာကိုင်ကာ တဖက်ဖက် ရိုက်သည် ပုံစံကြည့်ရတာ နို့ဆာနေပုံ

"သားတော်လေး နို့ဆာနေတယ်ထင်တယ်"

"အပြင်မှာဟဘယ်သူရှိလဲ! နို့ထိန်း ဝင်လာခဲ့"

နို့ထိန်းဝင်လာတော့ က လေးကို နို့တိုင်သည် ထန်စန်း က လေးနို့စို့နေပုံကြည့်ရင်း ရင်ထဲ တမျိုးတော့ခံစားရသည်

နို့စို့လို့ဝသွားတော့ သန်းဝေ နေသည့်ပုံလေးက ချစ်စရာလေးရယ်

နို့ထိန်း ဆီက နေ က လေးကို ချီကာ ထန်စန်းဆီသို့ရှဲုယွင်ထည့်ပေးလိုက်သည်

အတ္တနှောင်ကြိုးWhere stories live. Discover now