part(7)

653 51 1
                                    

ရိပေါ် တစ်ယောက်အိပ်ယာနိုးလာတော့ အိမ်ငယ်လေးအတွင်းတွင် ကိုယ်ပေါ်ကြည့်လိုက်တော့ အဝတ်အစားအသစ်နဲ့ပင် ပြန်စဉ်းစားကြည့်ရင် ညက သူနဲ့ရှောင်းကျန့်…

ရိပေါ်စဉ်းစားမိတော့ မျက်နှာပူရသည် သူဘယ်လိုဖြစ်ပြီး ရှောင်းကျန့်နဲ့ ခုဆို သူက ရှောင်းနဲ့ ဘယ်လိုမျိုးပတ်သက်သွားပြီလည်း အား တကယ်ပဲ မစဉ်းစားချင်တော့ဘူး

ဒါထက်ရှောင်းကျန့်က ဘယ်ရောက်သွားတာလည်း ညက ရိပေါ်ကောင့် အ တော်လေးခံလိုက်ရမှာ အိပ်ယာက သူ့ထက်တောင်အ စောကြီးထ သွားပါလား

ကြီ်~
ရိပေါ် စဉ်းစားနေတုန်း လင်ဗန်းလေးကိုသ်ကာ အခန်းအတွင်းဝင်လာတဲ့ ရှောင်းကျန့်

"ရိပေါ်နိုးနေပြီပဲ"

သူ့ကိုပြုံးပြီး ပြောနေ တော့ ရိပေါ် ရှိန်သလိုလိုရှက်သလိုလိုဖြစ်ရသည်

"ရှောင်းကျန့်! ဟိုလေ……"

"ဒီမှာ ရိပေါ်စားဖို့ ဟင်းချို ယူလာတယ်"

"ဟင်းချို!"

"အင်းညက ကုန်သွားတဲ့ အားအတွက် လေ"

ရှောင်းကျန့် စကားကြောင့် ရိပေါ်ရှက်မိသည်

"ဟိုညက"

"ဒီဟင်းချိုက ပဲပြားကြာဇံဟင်းချိုလေ ရိပေါ် သောက်ကြည့်ပါလား"

ရှောင်းကျန့်က ပန်းကန်ထဲက နေ ဇွန်းနှင့်ခပ်ယူကာ လေနဲ့ မပူအောင် မှုတ်ပေးသည်

"အင့် သောက်ကြည့်"
ရိပေါ်မ သောက်ပဲ ရှောင်းကျန့် လက်ကို ကိုင်ကာ

"ညက ကိစ္စက…"

"ညက ပျော်စရာတွေဖန်တီးခဲ့တယ်လေ "

"မင်းကိုယ့်ကို စိတ်မဆိုးဘူးလား"

"ဆိုးစရာလား ဒါတွေ ထားပါ ဒါလေးကိုအရင်သောက်လိုက်နော်"

ရှောင်းကျန့် ခွံ့ ကျွေးတာကို ရိပေါ် ကုန်သည်ထိ သောက်လိုက်သည်

"ကောင်းလား"

"အင်းအရမ်းကိုကောင်းတယ် "

ရှောင်းကျန့်က ရိပေါ်နဖူးကိုနမ်းလိုက်သည်

"ချစ်တယ်"

"ဟင်!"

"ရိပေါ်ကိုချစ်တယ်"

အတ္တနှောင်ကြိုးWhere stories live. Discover now