Part(8)

567 47 2
                                    

"နင်တို့ အ တော်ရက်စက်ပါလား ငါမထင်ထားဘူး ဒီလိုလုပ်ရပ်ကိုလုပ်ရက်ကျတယ်"

ရိပေါ်အထိန်းတော် ဒေါ်ကြီးသည် လင်ချုံနဲ့ လင်အားယုံရဲ့ယုတ်မာမှု တွေကို သူ့ယောက်ျားသေဆုံးမှုမှ တဆင့်သိလိုက်ရသည် အခုလည်းသူ့ကို အခန်းထဲတွင်သူမအားပိတ်ထားလေသည်

သားအရင်းလေးလိုချစ်ရတဲ့ ရိပေါ်အ ပေါ်သူတို့လုပ်ရက်ကျတယ် ဆယ်နှစ်သားထဲက ဦးနှောက်ထိခိုက်ခဲ့တဲ့ က လေးတစ်ယောက်အ ပေါ် အရူးဆေးကျွေးပြီး စိတ်ဝေဒနာသည်အဖြစ် ဖန်တီးခဲ့တယ် သူ့သမီးနဲ့ အတင်းလက်ထပ်ပေးခဲ့တယ် ဒါတွေဟာ စေတနာသီးသန့်ထင်ခဲ့မိတယ် ကိုယ့်ကိုကိုယ်အပြစ်တင်လို့မဆုံးပါဘူး အခုတော့ သားအရင်းတမျှချစ်ရတဲ့ရိပေါ်လည်းပျောက် ယောက်ျားဖြစ်သူလည်းသေ သူမကိုယ်တိုင်ကလည်း အခုပိတ်လှောင်ခံထားရသည်

"နတ်ကောင်းနတ်မြတ်များက စောင့်ရှောက်ပေးပါ ကူညီပေးပါ ကယ်တင်ပေးပါ"

*****
"ပါး ဟိုအဘွားကြီး ကိုဒီတိုင်းပဲထားတော့မှာလား တခုခုလုပ်ပါဦး"

"သူ့ကိုပါသတ်ရင် ရှေ့ နေကြီးကို ဘယ်လိုသွားပြောရမှာလည်း"

"သမီးတကယ်မသိခဲ့ဘူး ရှေ့ နေကြီးက ဝမ်ရိပေါ် ဦးလေးဖြစ်နေမယ်လို့ "

"အေးအဲ့ဒါပဲ ဒါကိုငါသိနေလို့ ဝမ်ရိပေါ်ကိုရောဟို လင်မယားကိုပါ ငါလွယ်လွယ်နဲ့မရှင်းတာငါက သေချာအကွက်ချပြီးမှ အပြတ်ရှင်းဖို့ လုပ်ထားတာ ခုတော့နင်လုပ်လို့"

"တကယ်ဆိုပါးက အစီအစဉ်တွေသမီးကိုပြောပြသင့်တယ်မလား ဒါ ပါးဘက်က အမှားပဲ"

"တော်! အခုတော့ငါတို့ကင်းကိုက်နေပြီ ရှေ့ နေကြီးသာ ထိုင်းက ပြန်လာရင် ငါတို့ဘယ်လိုဖြေရှင်းမလည်း ရိပေါ် ပျောက်နေတာ တပတ်ပြည့်တော့မယ် ရှာတာလည်းနှံ့နေပြီ လုံးဝရှာမ တွေ့ဘူး"

"အေ့ ဝေါ့''

ပါးစပ်ကိုလက်နဲ့အုပ်ကာ ရေချိုးခန်းထဲ ပြေးဝင်သွားတဲ့ လင်အားယုံ

အခန်းအပြင်က ကြားနေရတယ် သူ့သမီးအန်နေတဲ့အသံကို ဒီကောင်မ လေး မဟုတ်မှလွဲရော

"အားယုံ!နင်"

ရေချိုးခန်းထဲက ထွက်လာတဲ့ လင်အားယုံက သူ့ကိုမလုံမလဲကြည့်သည်

အတ္တနှောင်ကြိုးNơi câu chuyện tồn tại. Hãy khám phá bây giờ